DVB Logo
Home
မြန်မာသတင်း
အသက် ၆၀ နှင့်အထက် မဲပေးခွင့်ရှိသူများ ရွေ့လျားမဲပုံးပုံစံဖြင့် ကြိုတင်မဲထည့်နိုင်ရန် စီစဉ်
DVB
·
October 17, 2020
အသက် ၆၀ နှင့်အထက် မဲပေးခွင့်ရှိသူများ ရွေ့လျားမဲပုံးပုံစံဖြင့် ကြိုတင်မဲထည့်နိုင်ရန် စီစဉ်
Donate to DVB

ရန်ကုန်တိုင်းအတွင်းက အသက် ၆၀ နဲ့အထက် မဲပေးခွင့်ရှိသူတွေကို ရွေ့လျားမဲပုံးပုံစံနဲ့ ကြိုတင်မဲတွေ ထည့်နိုင်ဖို့ စီစဥ်နေတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။ 

“ရွေ့လျားမဲပုံးကို မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ဆန္ဒမဲလက်မှတ်တွေကို ကောက်ယူပေးသွားဖို့ စီစဥ်နေပါတယ်။ ကြိုတင်မဲကို ၁၀ ရက် သတ်မှတ်ပေးထားပြီး အောက်တိုဘာ ၂၉ ရက်နေ့လောက် စတင်ပြီးလုပ်ဆောင်မှာပါ။”

အလွယ်တကူ လှုပ်ရှားသွားလာလို့မရတဲ့ သက်ကြီးရွယ်အိုတွေ ကြိုတင်မဲထည့်နိုင်ဖို့ မြို့နယ်အလိုက် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ အသက် ၆၀ နဲ့အထက် မဲပေးခွင့်ရှိသူတွေ ၈၃၀,၀၀၀ ကျော်ရှိပြီး ဆန္ဒမဲ ထည့်တဲ့အခါ မြို့နယ်တစ်ခုစီမှာရှိတဲ့ လူဦးရေပေါ်မူတည်ပြီး လူစုလူဝေးမဖြစ်စေဖို့ အလှည့်ကျ ခွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ ၁ စတုရန်းကီလိုမီတာမှာ ပျမ်းမျှ လူဦးရေ ၅၀၀၀ အထက်ရှိတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်တွေ နေအိမ်ကနေ ကြိုတင်မဲပေးနိုင်ရေး အစီအစဥ်ကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ လုပ်ဆောင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာပါ။

ရန်ကုန်တိုင်းအတွင်းမှာ ပျမ်းမျှလူဦးရေ ၅၀၀၀ အထက်ရှိတဲ့ မြို့နယ် ၂၉ မြို့နယ်က မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၃ သိန်းကျော်ရှိနေတာပဲ ဖြစ်ပါတယ်။

သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ -  SubElectionCommission

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013