DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ၄ နှစ်ကလေးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ၊ စုစုပေါင်း ၄၄ ဦး ရှိလာ
DVB
·
October 16, 2020
မင်းလှတွင် ၄ နှစ်ကလေးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ၊ စုစုပေါင်း ၄၄ ဦး ရှိလာ
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ Quarantine ဝင်နေသူတွေကို test kits နဲ့ စစ်ဆေးရာမှာ ၄ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ  ၁၅ ရက်က Quarantine ဝင်နေသူ အယောက် ၃၀ ကို  test kits နဲ့ စစ်ဆေးရာမှာ  ၃ ဦး ပိုးတွေ့ရှိခဲ့ပြီး မင်းလှဆေးရုံမှာ ထားရှိကုသထားတယ်လို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။

ဖခင်ဖြစ်သူမှာ ပထမရက်က ပိုးတွေ့လို့ ကံ့ကော်ပင်စင်တာမှာ Quarantine  ဝင်နေတဲ့ ၄ နှစ်ကလေးနဲ့ တစ်ခန်းတည်းတူတူနေ ၁ ဦးတို့ကို စစ်ဆေးရာမှ ပို့တွေ့ရှိခဲ့တာလို့  ကံ့ကော်ပင်ကျေးရွာ အုပ်ချပ်ရေးမှူး ကိုမောင်နိုင်က ပြောပါတယ်။ 

ပိုးတွေ့သူ နောက်တဦးကတော့ ဥတိုကညင်ပင် Quarantine စင်တာက ဖြစ်တယ်လို့ သိရပါတယ်။

ကံ့ကော်ပင် Quarantine စင်တာမှာ ပိုးတွေ့တာ ၄ ဦးထိရှိလာပြီး အခုလက်ရှိ Quarantine ဝင်နေသူ ၃၂ ဦးရှိပါတယ်။ မင်းလှမြို့မှာ အောက်တိုဘာ ၁၅ ရက်အထိ အတည်ပြုလူနာ ၄၄ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၂ ဦး ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013