DVB Logo
Home
မြန်မာသတင်း
မန္တလေး UAB ဘဏ်ခွဲ ဓားပြတိုက်သူ စီးနင်းခဲ့သည့် ကားကိုတွေ့ရှိ 
DVB
·
October 15, 2020
မန္တလေး UAB ဘဏ်ခွဲ ဓားပြတိုက်သူ စီးနင်းခဲ့သည့် ကားကိုတွေ့ရှိ 
1 / 2
Donate to DVB

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းပေါ်မှာရှိတဲ့ UAB ဘဏ်ခွဲ တစ်ခုဖြစ်တဲ့ မန္တလေး (စက်မှုဇုန်) ဘဏ်ခွဲမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက သေနတ်ပြပြီး  ငွေကျပ် သိန်း ၂၀၀  လုယက်ထွက်ပြေးသွားသူရဲ့ ကားကို  တွေ့ရှိထားပြီလို့  မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဘဏ်ဓားပြတိုက်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး သေနတ်ပါလာကာ ဘဏ်ကနေ  ငွေကျပ်  သိန်း ၂၀၀  ဓားပြတိုက်ပြီးနောက် ကားနဲ့ပြန်ထွက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန် အုပ်ချုပ်ရေးမှူး ဦးလှယော် က “သိန်း ၂၀၀ ပါသွားတာပါခင်ဗျ။ ညနေ ၃ နာရီ ၃၅ မိနစ် ကနေပြီးတော့ ၃ နာရီ ၄၅ မိနစ်ကြားမှာပါဗျ၊ သူကတော့ ကားနဲ့လာတာပေါ့၊ ကားနဲ့လာပြီးတော့သူ့တစ်ယောက်ထဲပါပဲ။ ဆိုင်ကယ် Helmet (ဦးထုပ်)  ဆောင်းထားတာပေါ့။” လို့ ပြောပါတယ်။

အဆိုပါ ဓားပြတိုက်သူကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့၀င်တွေအားလုံးနဲ့ ရပ်ကွက်ပူးပေါင်းပြီး ဂိတ်တွေ အားလုံးမှာ လိုက်လံ စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

“တရားခံဖမ်းမိအောင်လို့ ကျနော်တို့အခု ရဲတပ်ဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ဂိတ်တွေရောပေါ့ အကုန်လုံး ကားနံပါတ်လည်း ရထားပြီးပြီဆိုတော့လေ အကုန်လုံး သတင်းပို့ထားပြီးပြီဆိုတော့ ကျနော်တို့ မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်တွေမှာ ဂိတ်တွေမှာတော့ စစ်ဆေးနေပြီလေ။ ကျနော်တို့ ကားနံပါတ်လည်းရထားပြီးပါပြီ။ ကားလည်းတွေ့ထားပြီးပါပြီ အဲ့ဒီဟာကတော့ လူပဲ မိဖို့ကျန်တော့တာပေါ့နော်” လို့ အုပ်ချုပ်ရေးမှူး ဦးလှယော် ကပြောပါတယ်။

ဓားပြတိုက်သူဟာ သူရဲ့ အ၀တ်အစားတွေကို ကားပေါ်မှာ မီးရှို့ပြီး သူမောင်းလာတဲ့ကားကို  ပြည်ကြီးတံခွန်မြို့နယ် (၆၉/A)လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားမှာ ထားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းအတိအကျကိုတော့ ရဲတပ်ဖွဲ့ က ထုတ်ပြန်တာမရှိသေးပါဘူး။

သတင်း- ခင်ပြည့်စုံဝင်း

Photo-Kaung Zaw Hein/ MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013