DVB Logo
Home
ရွေးကောက်ပွဲ
The Voice Myanmar Battle Round အဆင့် ကျော်ဖြတ်နိုင်သူ ပြိုင်ပွဲဝင် ၁၅ ဦးရှိလာ
DVB
·
October 15, 2020
The Voice Myanmar Battle Round အဆင့် ကျော်ဖြတ်နိုင်သူ ပြိုင်ပွဲဝင် ၁၅ ဦးရှိလာ
1 / 5
Donate to DVB

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဒုတိယအဆင့် Battle Round ကို ကျော်ဖြတ်နိုင်သူ ပြိုင်ပွဲဝင် ၁၅ ဦးရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်က Battle Round မှာ သက်ဆိုင်ရာ Team အလိုက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက်တ တွဲစီနဲ့ Battle Round ပြိုင်ပွဲတွေကို ကျင်းပနေတာ ၂ ပတ်ရှိခဲ့ပြီဖြစ်ကာ Team R. ဇာ နည်ရဲ့ အဖွဲ့ထဲကို နော်ဇာလီ၊ ဇာနည်၊ Janus နဲ့ ထိုက်ကြီး၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ ကို Jen Jeng ၊ သင်းယု၊ ဂျပန်ကြီးနဲ့ IV ထူး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ဇော်ခွန်၊ နော်ပြည့်စုံအေးကြူနဲ့ ခင်ရတနာစိုး၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲကိုတော့ ဘဝ၊ လင်း မြိုင်၊ တွမ်ပီးနဲ့ ခိုင်သဒ္ဒါစိမ့်တို့က ဒီအဆင့်ကို ဖြတ်ကျော်ကာ ရောက်ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

အခုလာမယ့် အောက်တိုဘာလ ၁၈ ရက်မှာ ထုတ်လွှင့်ပြသမယ့် Battle Round အဆင့်မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အ ကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013