DVB Logo
Home
မြန်မာသတင်း
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Blind Audition အဆင့်ပြီးဆုံး၊ ပြိုင်ပွဲဝင် ၄၈ ဦး ထွက်ပေါ်
DVB
·
September 28, 2020
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Blind Audition အဆင့်ပြီးဆုံး၊ ပြိုင်ပွဲဝင် ၄၈ ဦး ထွက်ပေါ်
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ Blind Audition အဆင့် ပြိုင်ပွဲတွေကို ကျင်းပနေပြီး ခုတပတ်မှာ တော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက် ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

ပထမသီတင်းပတ်မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီမှာ Blind Audition အဆင့်ကို ဖြတ်ကျော်ပြီး ရောက်ရှိလာခဲ့တဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီနဲ့ စုစုပေါင်း ၈ ယောက်ကို ရွေးချယ်နိုင်ခဲ့တာပါ။

R.ဇာနည်ရဲ့ အဖွဲ့ထဲကိုတော့ နော်ပြည့်စုံအေးကြူနဲ့ Janus၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကိုတော့ နေခြည်မိုးဦးနဲ့ ဖြုန်းတီး၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကိုတော့ Annie နဲ့ ရွှေမှုန်၊ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကိုတော့ Change နဲ့ ပန်တို့က အသီးသီး ရောက်ရှိခဲ့ကြပါတယ်။

ဩဂုတ် ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ Blind Audition ဒုတိယသီတင်းပတ်မှာတော့ ပြိုင်ပွဲဝင် ၉ ယောက်က ဖြတ်ကျော်နိုင်ခဲ့ကြပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို အောင်ပိုင်သူနိုင်၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို သင်းယုနဲ့ လင်းဝေ၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကို လင်းမြိုင်နဲ့ ကိုထိုက်၊ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ခိုင်သဒ္ဒါစိမ့်၊ ခင်ရတနာစိုး၊ ထက်ဂျင်၊ နီထူးတို့က ရောက်ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က Blind Audition တတိယမြောက် သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင် ၇ ယောက်က ဖြတ်ကျော်နိုင်ခဲ့ကြပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ထိုက်ကြီးနဲ့ ရဲခန့်၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရွှေသွေးနဲ့ Han So Ree၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကို Nwai 9 နဲ့ သီရိနှင်းအိမ်၊ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို T Kar တို့က ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ Blind Audition စတုတ္ထမြောက် သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က ဖြတ်ကျော်နိုင်ခဲ့ကြပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို N Oo L၊ Salai T Lian နဲ့ စိန်ဂျွန်း၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို မိုးသားနဲ့ နော်ဂျာလေး၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကို အောင်ကောင်းခန့်၊ ဂျပန်ကြီးနဲ့ တိုးကြီးတို့က ရောက်ရှိခဲ့ကြတာပါ။

စက်တင်ဘာလ ၂၀ ရက်နေ့ Blind Audition ပဉ္စမမြောက် သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က ဖြတ်ကျော်နိုင်ခဲ့ကြပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို နွေဦးနဲ့ နော်ဇာလီ၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို မေမြတ်နိုးခိုင်နဲ့ IV ထူး၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကို Zorina နဲ့ ဘဝ၊ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ဇော်ခွန်နဲ့ စောကျော်သူရမင်းတို့က ရောက်ရှိခဲ့ကြတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ Blind Audition ဆဌမမြောက် သီတင်းပတ် မှာတော့ အပြီးသတ် ပြိုင်ပွဲဝင် ၈ ယောက်က ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ကြပြီး R. ဇာ နည်ရဲ့ အဖွဲ့ထဲကို အောင်ပီးနဲ့ ဆုမွန်၊ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို Error အဖွဲ့နဲ့ ဂျန်ဂျန်း၊ ကျားပေါက်ရဲ့ အဖွဲ့ထဲကို တွမ်ပီး ၊ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို G ၊ ရန်မျိုးနဲ့ ဇာနည်တို့က ရောက်ရှိခဲ့ကြတာပါ။

လတ်တလောမှာတော့ အခုနှစ် Season 3 ရဲ့ Blind Audition အဆင့်ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ပထမ သီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်း ပတ်မှာ ၉ ယောက်၊ တတိယ သီတင်းပတ်မှာ ၇ ယောက်နဲ့ စတုတ္ထသီတင်းပတ်မှာ ၈ ယောက်၊ ပဉ္စမသီတင်းပတ်မှာ ၈ ယောက်၊ ဆဌမသီတင်းပတ်မှာ ၈ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ ပြီဖြစ်တာမို့ စုစုပေါင်း ပြိုင်ပွဲဝင် ၄၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ ကျင်းပမယ့် Battle Round အဆင့်မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013