DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ သုံးဘီးဆိုင်ကယ် ကင်းတားဆည်မြောင်းမကြီးထဲထိုးကျပြီး အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
October 14, 2020
ဝမ်းတွင်းမြို့နယ်၌ သုံးဘီးဆိုင်ကယ် ကင်းတားဆည်မြောင်းမကြီးထဲထိုးကျပြီး အမျိုးသမီး ၂ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ကူမဲစျေးက ပြန်လာတဲ့ သုံးဘီးဆိုင်ကယ် တစ်စီး ကင်းတားဆည်မြောင်းမကြီးထဲထိုးကျရာ အမျိုးသမီး ၂ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်စောနိုင်ဦးက "အသက် ၇၈နှစ်အရွယ်အဘွားက ကူမဲဆေးခန်းမှာ ကျန်းမာရေး စစ်ဆေးပြီးပြန်လာတာ။  အမျိုးသမီး ၁ ဦးကတော့ ကူမဲစျေးမှာ စျေးဝယ်ပြီး ပြန်လာတာပါ။ သုံးဘီးပေါ်မှာ မြေသြဇာတွေ၊ ဘိလပ်မြေတွေ အိမ်မိုးသွပ်တွေပါလာတယ်။ သုံးဘီးမောင်းသူက ကတ္တရာလမ်းက ပြန်လာနေကျကို ဒီနေ့ကျမှ မြောင်းဘောင်လမ်းက မောင်းပြန်လိုက်တာ လမ်းချိုင့်ထဲကျပြီး မထိန်းနိုင်ပဲ မြောင်းထဲထိုးကျသွားတာပါ။ ရှာတွေ့ထားတဲ့ အမျိုသမီးအလောင်း ၁ လောင်းမှာ ပြင်ပဒဏ်ရာဒဏ်ချက် မရှိပါဘူး။ အမျိုးသမီးအလောင်း ၁လောင်းကိုတော့ ရှာမတွေ့သေးပါဘူး"လို့ ပြောပါတယ်။

ဂုဏ်ရွာကျေးရွာနေ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးသန်းဆောင်(၄၈နှစ်)နဲ့ တရွာထဲနေ အသက် ၇၈ နှစ်အရွယ် ဒေါ်သိန်းကြည်၊ အသက် ၅၂နှစ်အရွယ် ဒေါ်ချိုတို့ သုံးဘီးဆိုင်ကယ်ပေါ် လိုက်လာခဲ့တာပါ။ 

ဂုဏ်ရွာကျေးရွာအနီး အမှတ်၂၉ စိုက်ကွင်းမြောက်ဘက်မှာ သုံးဘီးဆိုင်ကယ် ကင်းတားမြောင်းမကြီးထဲ ထိုးကျသွားခဲ့ပြီး  ဒေါ်တင်ကြည်နဲ့ ဒေါ်ချိုတို့ ၂ဦးကတော့ ရေနစ်သေဆုံးသွားပါတယ်။ ဦးသန်းဆောင်ကတော့ အသက်ရှင်ကျန်ရစ် ပါတယ်။ ရေနစ်သေဆုံးသူ ဒေါ်တင်ကြည်ကိုရှာတွေ့ပြီး ဝမ်းတွင်းဆေးရုံကို ပို့ထားပါတယ် ရေနစ်သေဆုံးသူဒေါ်ချိုကိုတော့ ရှာမတွေ့သေးပါဘူး။  ကင်းတားမြောင်းမကြီးအကျယ်က ပေ ၃၀ ကျော်ရှိပြီး ရေအနက်က ၈ ပေ လောက်ရှိနေပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးသန်းဆောင်ကို လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း/ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013