DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ မဲရုံ ၂၃၃ ရုံဖွင့်လှစ်မည်၊ တပ်မဲရုံအားလုံး အပြင်ထုတ်ထားမည်
DVB
·
October 13, 2020
ကယားပြည်နယ်၌ မဲရုံ ၂၃၃ ရုံဖွင့်လှစ်မည်၊ တပ်မဲရုံအားလုံး အပြင်ထုတ်ထားမည်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်း မဲရုံပေါင်း  ၂၃၃ ရုံ ဖွင့်လှစ်ထားရှိမှာဖြစ်ပြီး တပ်မဲရုံတွေအားလုံးလည်း အပြင်ထုတ်ထားတယ်လို့ ကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

ဒါပေမဲ့ တပ်သီးသန့်မဲရုံ  ၃ ရုံကိုတော့ တပ်အပြင်ဘက်မှာ သီးခြားထားပေးထားကြောင်း  ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ  ဦးကျော်ဆန်းဝင်းကပြောပါတယ်။

“တပ်မဲရုံတွေအကုန်လုံး အပြင်ထုတ်ထားတယ်။ တပ်ထဲမှာ တရုံမှမရှိဘူး။ နောက်အပြင်မှာ သီးသန့်ရှိမှာဆိုလို့  ဖရူဆိုမှာဆိုရင် မာခရော်ရှေ့ (တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း) တကက ၁၄ ၊ တကက ၁၄ ကျတော့ သူက မြို့နယ်နဲ့ဝေးတဲ့အတွက်  တကက ၁၄ ရဲ့အရှေ့မှာ အဲဒီ တကက ၁၄ အတွက် သီးသန့် ပြင်ပ မဲရုံတရုံလုပ်ပေးမယ်။ ဒါပေမဲ့ တပ်ထဲမှာ မဟုတ်ဘူးအပြင်မှာ။ ယာယီမဲရုံ သဘောမျိုး၊ နောက် ဘောလခဲမှာဆိုရင် မြို့နယ်အားကစားရုံမှာ လုပ်မယ့်ဥစ္စာတရုံရှိမယ်။ အဲဒါဘောလခဲဗျူဟာနဲ့ တပ်ရင်း ၃ ရင်းပေါ့ ကြည်းတပ်ဖွဲအပါ အဲဒါ မြို့နယ်အားကစားရုံမှာ လုပ်မယ်။ နောက်တခုကတော့ နယ်ခြားစောင့်တပ် ၁၀၀၅ အတွက် အဲဒါကတော့ တောင်ပိုင်းရပ်ကွက်က အထက ကျောင်းမှာ၊ အဲဒါ တပ်သီးသန့်ပေါ့။ ကယားပြည်နယ်မှာအဲလို ကျန်တဲ့တပ်တွေကတော့ ရပ်ကွက်ကျေးရွာအုပ်စုမှာပဲ  အကုန်လုံးရောပေးမှာ။ တပ်သီးသန့် မဲရုံတွေကတော့  ၃ ရုံသွားရှိမှာပေါ့။ ”

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့  ကယားပြည်နယ်မှာ တပ်တွင်း မဲရုံ ၂၅ ရုံ ဖွင့်လှစ် ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၂၀၇,၂၆၇ ရှိပြီး အမျိုးသမီးမဲပေးပိုင်ခွင့်ရှိသူ ၁၀၅,၄၁၉ ဦးရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းကျော်ရှိတဲ့အထဲ မသန်စွမ်းမဲဆန္ဒရှင် ၆၀၀ ကျော်ရှိပါတယ်။ မသန်းစွမ်းတွေအတွက်တော့ မဲရုံသီးခြားလုပ်ထားတာမရှိကြောင်း အများပြည်သူ နည်းတူ ပေးရမှာ ဖြစ်ပေမယ့် သူတို့တွေ အဆင်ပြေစွာ မဲပေးနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်မှာ မဲဆန္ဒနယ် ၃၄ နေရာ၊ မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၁၃ ပါတီနဲ့  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း  ၁၃ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013