DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တောင်ပိုင်းခရိုင်တွင် မဲရုံ ၂၀၀ ခန့် ကွာရန်တင်းစင်တာအဖြစ် အသုံးပြုထား
DVB
·
October 10, 2020
ရန်ကုန်တောင်ပိုင်းခရိုင်တွင် မဲရုံ ၂၀၀ ခန့် ကွာရန်တင်းစင်တာအဖြစ် အသုံးပြုထား
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်မှာ မဲရုံ ၂၀၀ လောက်ကို ကွာရန်တင်းစင်တာ‌တွေအဖြစ် အသုံးပြုထားတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။

ကွာရန်တင်းစင်တာအဖြစ် အသုံးပြုထားတဲ့ မဲရုံထဲမှာ အချို့က ပြန်ရှာလို့ရပေမယ့် ပြန်ရှာလို့မရတဲ့ နေရာတွေအတွက် ယာယီမဲရုံ ၁၁၄ ရုံလောက် ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်လို့ တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမင်းက ပြောပါတယ်။

၂၀၁၅ တုန်းက တောင်ပိုင်းခရိုင်မှာ မဲရုံပေါင်း ၁၇၃၇ ရုံရှိခဲ့ပြီး အခု ၂၀၂၀၊ အထွေထွေရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း ၁၇၄၄ ရုံ စီစဉ်ထားတဲ့အတွက် မဲရုံ ၇ ရုံ တိုးလာတယ်လို့လည်း သိရပါတယ်။

အခုလိုတိုးလာတာက ကိုဗစ်-၁၉ ကြောင့်လည်း ပါသလို မဲရုံအချို့က မဲပေးမယ့်သူ အင်အားများသွားလို့ မဲရုံခွဲလိုက်ရတာလည်း ပါတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ဆိုပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှာ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုနဲ့ ကိုကိုးကျွန်းအပါအဝင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့်သူ ၁,၁၀၇,၅၁၆ ဦး ရှိတယ်လို့ သိရပါတယ်။

လွင်မိုးအောင် (ကွမ်းခြံကုန်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013