DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ထောက်ပံ့ငွေကို ရုပ်ရှင်လောကသားများအတွက် အမြန်ခွဲပေးစေလို 
DVB
·
October 6, 2020
ကိုဗစ်ထောက်ပံ့ငွေကို ရုပ်ရှင်လောကသားများအတွက် အမြန်ခွဲပေးစေလို 
Donate to DVB

       ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ငွေတွေကို ရုပ်ရှင်လောကသားတွေ ကြပ်တည်းနေချိန်မှာ အမြန်ခွဲပေးစေလိုကြောင်း ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

       ဒီအကြောင်းနဲ့ ပတ်သက်ပြီး Tun Zaw Win အမည်နဲ့ အသုံးပြုတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ရုပ်ရှင်အစည်းအရုံးသို့… ​လောကသား​တွေ ကြပ်တည်း​နေတဲ့အချိန်မှာ… ပြန်ကြား​ရေး ကရတဲ့ ပိုက်ဆံကို အမြန်ခွဲ​ပေး​စေချင်ပါတယ်… ဆန်​တွေဆီ​တွေမ​ပေးပါနဲ့… ပိုက်ဆံသာ​ပေးပါ… ဆန်​တွေဆီ​တွေဆို ဂွင်ရိုက်တယ်လို့ အ​ပြောခံရပါလိမ့်မယ်… ကိုယ် နဲ့ တန်းတူရပ်တည်​နေတဲ့… ​ဂီတအစည်းအရုံးက ပိုက်ဆံ​တွေကို… Wave တို့ Online Banking တို့နဲ့ လွှဲပေး​နေပါပြီ”

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းနဲ့ အနုပညာ ရှင်စတဲ့ အဖွဲ့ ၅ ဖွဲ့အတွက် ငွေကျပ်သိန်း ၁,၅၀၀ ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ထောက်ပံ့ကူညီပေးသွားဖို့  အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ အွန်လိုင်းကတဆင့် ကျင်းပတဲ့ အဆိုပါ အစည်းအဝေး မှာတော့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန်နဲ့ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်၊ သတင်းနယ်ပယ်က အနုပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်အရ ထောက်ပံ့ငွေတွေကိုတော့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းနဲ့ အနုပညာရှင်စတဲ့ အဖွဲ့တဖွဲ့စီကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ အောက်တို ဘာလဆန်းကနေ စပြီးရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နယ်ပယ် အသီးသီးက လုပ်ငန်းတွေနဲ့အတူ ရုပ်ရှင်ရုံတွေ၊ ရိုက်ကူးရေးလုပ်ငန်းတွေကိုပါ လနဲ့ချီ ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၅ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၈,၇၈၁  ယောက် ၊ သေဆုံးသူ ၄၄၄  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၅၄၈ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013