DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုများနှင့် ရောဂါရှိသူများ ကြိုတင်မဲပေးခွင့် တောင်းခံနိုင် 
DVB
·
October 6, 2020
သက်ကြီးရွယ်အိုများနှင့် ရောဂါရှိသူများ ကြိုတင်မဲပေးခွင့် တောင်းခံနိုင် 
Donate to DVB

အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါရှိသူတွေအနေနဲ့ အိမ်တိုင်ရာရောက် ကြိုတင်မဲ လာကောက်ပေးဖို့ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေထံမှာ  တောင်းခံနိုင်တယ်လို့ ကော်မရှင်က သိရပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့် အသက်ကြီးသူတွေ ပိုများလာနိုင်ပြီး ကြိုတင်မဲပေးလိုသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးတွေမှာ ကြို တင်လျှောက်ထားရမှာပါ။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ကြိုတင်ဆန္ဒမဲကိုတော့ သက်ဆိုင်ရာရပ်ကျေးရုံးမှာ ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါပြင်းထန်သူတွေအနေနဲ့ကတော့ အိမ်တိုင်ရာရောက် ကြိုတင်မဲလာကောက်ပေးမှာဖြစ်ပြီး ရပ်ရေးကော်မရှင်ကိုတော့ ကြိုတင်မဲလာကောက်ပေးဖို့ ကြိုတင်တောင်းခံပေးဖို့တော့ လိုတယ်”လို့  ပြောပါတယ်။

ရွေးကောက်ပွဲဥပဒေအရတော့ အနာကြီးရောဂါစွဲကပ်နေသူတွေ၊ ရောဂါအပြင်းအထန် ခံစား နေရသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ သားဖွားထားသူတွေ၊ ရဲစခန်းအချုပ်ကျနေသူတွေ၊ ဆေးရုံမှာဆေးကုသမှုခံယူနေရသူတွေ၊ မဲဆန္ဒနယ်ပြင်ပကိုသွားရောက်တာဝန်ထမ်းဆောင်နေရဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြိုတင်ဆန္ဒမဲပေးဖို့အတွက် ခွင့်ပြုထားတာပါ။

သတင်း- ထက်ဝေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013