DVB Logo
Home
မြန်မာသတင်း
ချိန်ခါလီကျေးရွာအတွင်း တိုက်ပွဲကြောင့် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို ကယ်ထုတ်လာနိုင် 
DVB
·
July 15, 2020
ချိန်ခါလီကျေးရွာအတွင်း တိုက်ပွဲကြောင့် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို ကယ်ထုတ်လာနိုင် 
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အို ၉ ဦး အပါအဝင် ရွာသား ၁၀ ဦးကို ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ လောက်မှာ ပြန်လည် ကယ်ထုတ်လာနိုင်ပြီး မိသားစုဝင်တွေထံကို အပ်ထားခဲ့ပြီလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျေးရွာအတွင်း ပိတ်မိနေခဲ့တဲ့ ကျေးရွာသားတွေကတော့ ဦးဝေလူအောင် (၇၀ နှစ်)၊ ဦးထွန်းမောင် (၈၀နှစ်)၊ ဒေါ်ဦးစိန်ဖြူ(၇၉နှစ်)၊ ဒေါ်အောင်သာ(၇၆နှစ်)၊ ဒေါ်အိုးမ(၆၅နှစ်)၊ ဒေါ်မငွေစိန်(၆၆နှစ်)၊ ဒေါ်မထွေး(၈၀နှစ်)၊ ဒေါ်ရုပ်ဆိုး (၈၈နှစ်)၊ ဦးပန်းစိန် (၉၂နှစ်) နဲ့ ကိုနေဆန်းဦး (၂၉ နှစ်)တို့   ဖြစ်ကြပါတယ်။

ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုး “ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့ကျနော်တို့က အကူအညီတောင်းတယ်။ ဘယ်မှာမှအကူအညီမရဘူး။ သူတို့တွေကိုမကယ် ထုတ်လို့မရတော့ဘူးဆိုပြီးအငူမော်ဘက်ကို ဆင်းသွားတယ်။ အဲ့ဒီမှာကား တစ်စီးငှားလိုက်တယ်။ ကားပိုင်ရှင်က ကူညီပေးမယ် လို့ပြောတယ်။ သွားကယ်တော့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ အားလုံးတော့ ဘေးကင်းကြတယ်။ နောက်ထပ်သေဆုံးသူတွေတော့ မရှိဘူး။ ညနေ ၆ နာရီအချိန်မှ ကယ်ထုတ်လို့ပြီးတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၁၃ ရက် ည ၁၂ နာရီမှာ ရွာမှာပိတ်မိနေသူတွေထဲက ဦးထွန်းမောင်စိန်(၆၀ နှစ်)ဟာ ချိန်ခါလီကျေးရွာရှိ နေအိမ်ဗုံးခိုကျင်းအတွင်းပုန်းခိုးနေစဉ် တပ်မတော်သား သုံးဦးကသေနတ်နဲ့ ပစ်သတ်လို့  သေဆုံးသွားတယ်လို့  မျက်မြင်တွေ့ခဲ့တဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ဦးတင်ညွှန့်က ပြောပါတယ်။

ဒါပေမဲ့ ပိတ်မိနေသူတွေကို သွားရောက်ကယ်ထုတ်ရာမှာတော့ သေဆုံးသွားသူရဲ့အလောင်းကို ရှာမတွေ့ခဲ့ဘူးလို့ ချိန်ခါလီကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။

“ရွာထဲကို ဝင်သွားတော့ သေဆုံးသူရဲ့ အလောင်းကိုရှာမတွေ့တော့ဘူး။ ဒါပေမဲ့ ဖမ်းဆီးခံထားရသူ သုံးဦးကတော့ အာမခံနဲ့ပြန်လွတ်မြောက်ခဲ့တယ်”လို့ပြောပါတယ်။

ချိန်ခါလီကျေးရွာအနီး ဇူလိုင် ၁၃ ရက် မနက် ၉ နာရီလောက်က  တပ်မတော် နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့လို့ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြစဉ် ရွာသား ၁၀ ဦးမှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ရွာထဲသို့ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် ရွာသား ၃  ဦး ဒဏ်ရာရသွားပြီး လက်ရှိအချိန်မှာ ချိန်ခါလီကျေးရွာသား ၆၅၀ လောက်ဟာ  ဆင်ပိုက် ၊ အောင်ဗလ၊ အငူမော်၊ သံချောင်း စတဲ့ကျေးရွာတွေနဲ့ စစ်တွေမြို့ပေါ် အထိထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013