DVB Logo
Home
မြန်မာသတင်း
ကရင်​ပြည်နယ် ဒုတိယအကြိမ်မဲစာရင်း၌ မဲဆန္ဒရှင် ၅ သောင်းကျော် တိုးလာ
DVB
·
October 3, 2020
ကရင်​ပြည်နယ် ဒုတိယအကြိမ်မဲစာရင်း၌ မဲဆန္ဒရှင် ၅ သောင်းကျော် တိုးလာ
1 / 2
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်းက မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကြေညာရာမှာ ပထမအကြိမ်ထက် ၅ သောင်းကျော်တိုးလာပြီး မဲပေးခွင့်ရှိသူ ၁၂ သိန်းနီးပါးရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်က DVB ကို ပြောပါတယ်။

ပထမအကြိမ် မဲစာရင်းကြေညာရာမှာ မဲဆန္ဒရှင် ၁၁ သိန်း ၄ သောင်းကျော်ရှိပြီး ဒုတိယအကြိမ်မှာ ၅ သောင်းကျော် တိုးလာတာလို့ ဆိုပါတယ်။

“ပထမအကြိမ်ထက် ၅ သောင်းကျော် တိုးလာတယ်။ ပထမအကြိမ်မဲစာရင်းကောက်ခံလို့ ကျန်ရစ်ခဲ့တဲ့ သူတွေစာရင်းက အများဆုံးပဲ။ ဒုတိယအကြိမ်မှာလည်း မဲပေးခွင့်မဆုံးရှုံးရအောင် မဲစာရင်းတွေကို ကြည့်ဖို့ တိုက်တွန်းချင်တယ်” လို့ ဦးမောင်မောင်နိုင်က ပြောပါတယ်။

ပထမအကြိမ်ကျန်ရစ်ခဲ့တဲ့ မဲဆန္ဒရှင် ၅ သောင်းကျော်ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မြဝတီမြို့နယ်တွေက အများဆုံးဖြစ်ပါတယ်။

ကရင်ပြည်နယ် ရှေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်တွေ မဲစာရင်းကြည့်ရှုဖို့နဲ့ ဒုတိယအကြိမ်မှာ မကျန်ရစ်ရအောင် ကရင်၊ မြန်မာ နှစ်ဘာသာပါဝင်တဲ့ တေးသီချင်းတွေနဲ့ လိုက်လံ အသိ​ပေးနှိုးဆော်သလို့ ကြော်ငြာနဲ့ လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော်၊ ကျေးရွာပေါင်း  ၂၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ မဲရုံတွေ အပါအဝင် မဲရုံပေါင်း ၈၅၀ ကျော်ကို ကျေးရွာအုပ်စု ၄၆၂ စုအတွင်းက  မဲရုံပေးပိုင်ခွင့်ရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာ မဲရုံဖွင့်လှစ်သွားမှာပါ။

၂၀၁၅ ခုနှစ်က မဲရုံပေါင်း ၆၅၆ ရုံ၊ တပ်မဲရုံ ၄၄ ရုံ၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း ၂၆၁ ဦးရှိပြီး ၂၀၂၀ ခုနှစ်အတွက် ကိုယ်စားလှယ်လောင်း ၂၃၃ ဦး  စာရင်းတင်သွင်းထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၆ ခုက  ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013