DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ် ဒုတိယအကြိမ်မဲစာရင်းတွင် မဲဆန္ဒရှင် ၄၆၀၀ တိုးလာ
DVB
·
August 31, 2020
ရွှေဘိုမြို့နယ် ဒုတိယအကြိမ်မဲစာရင်းတွင် မဲဆန္ဒရှင် ၄၆၀၀ တိုးလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဒုတိယအကြိမ်မဲစာရင်းကောက်ခံရာမှာ ပထအကြိမ်မဲစာရင်းထက် မဲဆန္ဒရှင် ၄၆၀၀ တိုးလာတယ်လို့ ရွှေဘိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဝင်းအိက ပြောကြားလိုက်ပါတယ်။

မြို့နယ်အတွင်း ပထမအ​ကြိမ်မဲစာရင်း မဲဆန္ဒရှင် ၂၁၁၂၀၀ ဦးရှိပြီး ဒုတိယအကြိမ် ၄၆၀၀ ထပ်တိုးလာတာကြောင့် မဲဆန္ဒရှင်စုစုပေါင်း ၂၁၅၈၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

မဲစာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့ပြီး မဲပေးခွင့်မဆုံးရှုံးစေရေ မဲစာရင်းအချက် အလက်မှန်ကန်စေရေးအတွက် မြေပြင်ကို ၂၇ နေ့ကတည်းက ပထမအကြိမ်မဲစားရင်းကပ်ပြီး  ရက်တပတ်အတွင်း ဖြည့်စွက် ပါယ်ဖျက် ပြင်ဆင်တဲ့အပိုင်းကို ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ဆို ပါတယ်။

ရွှေဘိုမြို့နယ်အတွင်း မဲဆန္ဒရှင် ၂၁၅၈၀၀၊ မဲရုံပေါင်း ၁၇၁ ရုံ ရှိပြီး ပါတီခြောက်ခုက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ရွှေဘိုမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

ပထမအကြိမ်မဲစာရင်းတွေကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်နေ့ထိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားပြီး ဒုတိယအကြိမ်မဲစားရင်းတွေကို စက်တင်ဘာလ ၂၀ ရက်နေ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေးမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း - ချိုသဲကြည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013