DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တပတ်အတွင်း ကားမီးလောင်မှု ၃ ကြိမ်ဖြစ်
DVB
·
July 2, 2026
Photo:  အနာဂတ်အလင်းတန်းပရဟိတအသင်း
Photo: အနာဂတ်အလင်းတန်းပရဟိတအသင်း
Donate to DVB

ရန်ကုန်မြို့မှာ တပတ်အတွင်းကားမီးလောင်မှု ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနနဲ့ လူမူကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဇူလိုင် ၁ ရက်ညနေပိုင်းက အိမ်စီးကား တစီးမီးလောင်ခဲ့ပြီး ဇွန် ၃၀ ရက်မနက်ပိုင်းက လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်ပတ်လမ်းမှာ နောက်ထပ်ကားတစီး မီးလောင်ခဲ့တာလို့ မီးသတ်ဌာနက မှတ်တမ်းတွေအရ သိရပါတယ်။

လှိုင်သာယာမှာ Mitsubishi mini Cab အမျိုးအစား ကားပေါ်က ဆီပေပါထဲကနေ ဆီထုတ်နေချိန်မှာ မီးလောင်ခဲ့တာလို့ သွားရောက် မီးငြှိမ်းသတ်ခဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် ဇွန် ၂၆ ရက်က စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်မှာ အိမ်ခြံဝင်းထဲ ရပ်ထားတဲ့ အိမ်စီးကား တစီးမီးလောင်ခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

ရန်ကုန်မှာ အခုနှစ်ဆန်းကစပြီး ကားမီးလောင်မှုတွေ မကြာခဏဖြစ်နေခဲ့ပြီး မိုးတွင်းကာလမှာတင် မီးလောင်မှုတွေ ဆက်တိုက်ကြုံနေရတာဟာ ရာသီဥတုကြောင့်တင်မကပဲ ဝါယာပိုင်းပြဿနာ ရှိနေတာကြောင့်လို့ ကားဝယ်ရောင်းအကျိုးဆောင်တယောက်က ပြောပါတယ်။

"ဆီကား၊ EVကား၊ ဂတ်စ်ကားအမျိုးအစားမရွေး မီးလောင်နေတာဆိုတော့ တော်တော် သတိထားဖို့ကောင်းနေပြီ။ ကားက မီးလောင်ပြီဆိုရင် ခဏလေးနဲ့ တစီးလုံးကုန်တာ။ မဖြစ်ခင်ကတည်းက ကိုယ့်ကားကိုယ် သေသေချာချာ စစ်ဆေးထားရင်အကောင်းဆုံးပဲ။"

ရန်ကုန်မှာ ကားမီးလောင်တာတွေ မကြာခဏဖြစ်လာပြီးနောက် ကားအမျိုးအစားအလိုက် မီးသတ်ဆေးဘူး ဆောင်ဖို့နဲ့ ယာဥ်စစ်ဝင်ရင် မီးသတ်ဆေးဘူး ပါမှ လက်ခံမယ်ဆိုပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013