DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးခွင့်ရမည့် မဲဆန္ဒရှင်စာရင်းနှင့် အချိန်ဇယား ဘန်ကောက်မြန်မာသံရုံး ထုတ်ပြန် 
DVB
·
October 1, 2020
ကြိုတင်မဲပေးခွင့်ရမည့် မဲဆန္ဒရှင်စာရင်းနှင့် အချိန်ဇယား ဘန်ကောက်မြန်မာသံရုံး ထုတ်ပြန် 
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရမယ့် မြန်မာနိုင်ငံတွေရဲ့ မဲဆန္ဒရှင်စာရင်းနဲ့ မဲပေးရမယ့်နေ့ရက် အချိန်လိုက်နာ ဆောင်ရွက်ရမယ့်စည်းကမ်းတွေကို ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကရော ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးကပါ ထုတ်ပြန်ပါတယ်။ 

ဘန်ကောက်မှာဆိုရင် မဲဆန္ဒရှင်တို့ရဲ့နေရပ် ပြည်နယ်နဲ့တိုင်းအပေါ်မူတည်ပြီး မဲရုံ ၃ ရုံ ဖွင့်လှစ်သွားမှာဖြစ်ကာ  အောက်တိုဘာ ၃ ရက်မှ ၁၈ ရက်အထိ မနက်ပိုင်း ၈ နာရီမှ  ၁၂ နာရီအထိ နဲ့ ညနေပိုင်း မွန်းလွဲ ၁၂ နာရီခွဲမှ  ညနေ ၆ နာရီထိ ဖွင့်လှစ်သွားမယ်လို့ မြန်မာသံရုံးက  ထုတ်ပြန်ပါတယ်။ 

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မဲဆန္ဒရှင်တွေကတော့ ဘန်ကောက်ရှိ အမှတ် ၁၁၀ ဆာထွဏ်းနေလမ်း မြန်မာသံရုံးအသစ်မှာ ဖွင့်ထားတဲ့ မဲရုံအမှတ် ၁  မှာ  ကြိုတင်မဲသွားပေးရမှာ ဖြစ်ပါတယ်။ 

မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေဟာ အမှတ် ၁၃၂ ဆာထွဏ်းနေလမ်း မြန်မာသံရုံးအဟောင်းမှာဖွင့်ထားတဲ့ မဲရုံအမှတ် ၂ မှာ သွားပေးရမှာဖြစ်ပါတယ်။ 

တနင်္သာရီတိုင်း၊  ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်က မဲဆန္ဒရှင်တွေဟာ အမှတ် ၁၃၂ ဆာထွဏ်းနေလမ်းရှိ မြန်မာသံရုံးအ ဟောင်းမှာဖွင့်ထားတဲ့ မဲရုံအမှတ် ၃ မှာ သွားပေးရမှာဖြစ်ပါတယ်။ 

ရက်အလိုက်မဲပေးရမယ့်သူတွေရဲ့ အမည်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဆိုပါ တယ်။ 

ထိုင်းနိုင်ငံ မြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေကတော့ ချင်းမိုင်မြို့ ဆီဖုန်းရပ်ကွက် မနီးနုပ်ဖလပ်လမ်းသွယ် ၃ ရှိ  မြန်မာကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက် နဲ့  ၁၃ ရက်တွေမှာ  ဆန္ဒမဲပေးရမယ်လို့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ပါတယ်။ 

မဲပေးရမယ့်အချိန်က  မနက် ၈ နာရီမှာ ၁၂ နာရီထိနဲ့   မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီထိ တနေ့ ၂ ကြိမ်ရှိကြောင်း၊ မဲဆန္ဒရှင်တွေအနေနဲ့ မိမိနေရပ်လိပ်စာ မြို့နယ်အပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ နေ့ရက်အချိန်တွေမှာ အရောက်လာပေးရမယ်လို့ ဆိုပါတယ်။  

ရှမ်းပြည်နယ် မိုင်းကိုင်၊ လားရှိုး၊ မိုင်းရှူး၊ နမ့်စန်၊ ကျေးသီးမြို့နယ်က မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာမဲပေးရမှာပါ။

ရှမ်းပြည်နယ် ကွန်ဟိန်း၊ လင်းခေး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းပျဉ်း၊ မိုင်းပန်၊ မိုင်းဆတ်၊ မူဆယ်၊ ကလော၊ လွိုင်လင်၊ သိန္နီ၊ မိုးနဲ၊ မောက်မယ်၊ ဆီဆိုင်၊ မိုင်းဖြတ်၊ မောက်မယ်၊ ပင်းတယ၊ ဖယ်ခုံ၊ မိုင်းတုံ၊ တောင်ကြီး၊ နမ္မတူ၊ ဟိုပုန်း၊ နောင်ချို၊ ရပ်စောက်၊ နမ့်ဆန်၊ တာချီလိတ်၊ ကွတ်ခိုင်၊ ကျိုင်းတုံ၊ ပင်လောင်း၊ ဟိုပန်၊  မိုင်းရယ် စတဲ့မြို့နယ်က မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၁ ရက်မှာ မဲပေးရမှာပါ။ 

ရှမ်းပြည်နယ် လဲချားမြို့နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး စတဲ့ဒေသက မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၃ ရက်နေ့ လာရောက်မဲပေးရမှာဖြစ်ပါတယ်။ 

အဆိုပါ ရက်တွေမှာ  ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ မဲလာပေးရမယ့် မဲဆန္ဒရှင်စုစုပေါင်း ၉၉၅ ဦးရှိပါတယ်။

မဲလာပေးမယ့် သူတွေဟာ သတ်မှတ်ထားတဲ့အချိန်အတိုင်း ကိုယ်တိုင်လာထည့်ဖို့၊ နိုင်ငံကူး လက်မှတ်မူရင်း ဒါမှမဟုတ် မိတ္တူဒါမှမဟုတ် ယာဉ်မောင်းလိုင်စင် ၊ အလုပ်သမားကတ် စတဲ့ အထောက်အထားတွေ ယူဆောင်လာရမှာဖြစ်ပြီး  ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်  Mask တပ်တာ၊ တဦးနဲ့တဦးခပ်ခွါခွါနေတာ ၊ မဲရုံထဲမဝင်မီ လက်ဆေးတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မဲရုံထဲကို မဲထည့်ရမယ့်သူသာဝင်ရမှာဖြစ်ပြီး နိုင်ငံရေးပါတီအလံအမှတ်အသားပါ ရင်ထိုး ၊ တံဆိပ် ၊ စတစ်ကာတွေ ယူဆောင်လာခြင်း ဝတ်ဆင်ခြင်းမပြုဖို့၊ ချွန်ထက်ပေါက်ကွဲစေတဲ့ အရာတွေမယူဖို့ ၊ မဲရုံအတွင်း ဓာတ်ပုံ ဗွီဒီယိုရိုက်ကူးခြင်းမပြုဖို့နဲ့ ၊ မဲဆွယ်ခြင်း မပြုလုပ်ဖို့ ကန့်သတ်ထားပါတယ်။

မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကိုတော့ အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

-ဘန်ကောက်မြန်မာသံရုံး ဖေ့စ်ဘွတ်ခ် 

https://www.facebook.com/Myanmar-Embassy-Bangkok-100627225082545/photos/a.143004634178137/143004647511469  

-မြန်မာအလုပ်သမားသံအရာရှိရုံးဖေ့စ်ဘွတ်ခ်  

https://www.facebook.com/myanmar.labour.office.thai  

 -ထိုင်းမြောက်ပိုင်းက မဲပေးခွင့်ရှိသူစာရင်းကြည့်ရန်  ချင်းမိုင်ကောင်စစ်ဝန်ရုံး ဖေ့စ်ဘွတ်ခ် 

https://www.facebook.com/chiangmai.mcg/photos/pcb.1476604495858012/1476599172525211  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013