DVB Logo
Home
မြန်မာသတင်း
စစ်တောင်းတံတား(အဟောင်း) လမ်း အဝင်အထွက် စက်တင်ဘာ ၂၇ ရက် စပိတ်မည်
DVB
·
September 26, 2020
စစ်တောင်းတံတား(အဟောင်း) လမ်း အဝင်အထွက် စက်တင်ဘာ ၂၇ ရက် စပိတ်မည်
1 / 4
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ဘက်ခြမ်းရှိ စစ်တောင်းတံတား (အဟောင်း) လမ်းကို စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၆ နာရီကစပြီး အဝင်/အထွက်ပိတ်သွားမယ်လို့ သိရပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်ဘက်ကနေ မွန်ပြည်နယ်ဘက်ကို ဝင်ရောက်လာတဲ့သူတွေကို စစ်ဆေးဖို့အတွက် ပြည်နယ်ဝင်ပေါက်တခုဖြစ်တဲ့ စစ်တောင်းတံတား လမ်းသစ်နဲ့လမ်းဟောင်းဘက်နေရာမှာ သြဂုတ် ၂၁ ရက်နေ့ကစပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က “စစ်တောင်းတံတားဟောင်းဘက်ခြမ်းက ဖြတ်သန်းသွားလာမှုကို ပိတ်သိမ်းထားဖို့ ဒီနေ့ညနေပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီအဖွဲ့တို့ ဆင်းလာပြီး ညွှန်ကြားသွားပါတယ်” လို့ DVB ကို ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၂၂ ဦးနဲ့ နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၁၁၂ ဦးနဲ့ သေဆုံးသူ ၁၇၄ ဦးရှိလာပြီလို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013