DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့တွင် Stay at Home အမိန့်ထုတ်ပြန်
DVB
·
September 21, 2020
ဖားကန့်မြို့တွင် Stay at Home အမိန့်ထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံးရှိတဲ့ ဖားကန့်မြို့နယ်ကို စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး Stay at Home နေအိမ်မှာပဲ နေထိုင်ကြဖို့ ကြေညာလိုက်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။

“အားလုံး နေအိမ်ထဲမှာပဲ နေရမယ်။ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေ စျေးဝယ်ရသူပဲ အပြင်ထွက်ရမယ်။ လမ်းတိုင်းမှာ လုံခြုံရေး ရဲဘော်တစ်ဦး၊ အုပ်ချုပ်ရေးတစ်ဦး၊ အရန်မီးသတ်တစ်ဦး၊ စေတနာ့ဝန်ထမ်းတစ်ဦးစီနဲ့ ကြပ်မတ်ဆောင်ရွက်မယ်။ Stay at Home ကာလကို ဘယ်ရက်အထိ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး၊ ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်ပါတယ်” လို့ ဆိုပါတယ်။

ကနဦးအနေနဲ့ စည်းကမ်းမလိုက်နာသူတွေကို ပညာပေးဆွေးနွေးပြီး ပြန်လွှတ်ပေးမှာ ဖြစ်ပေမဲ့  နောက်ပိုင်းရက်တွေမှာတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးသွားမယ်လို့လည်း သိရပါတယ်။

Stay at Home နေအိမ်တွင်း နေထိုင်တဲ့လုပ်ငန်းစဉ်မှာ ပြည်သူတွေအနေနဲ့ ပူပေါင်း ပါဝင်စေလိုပြီး စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေအနေနဲ့ လာရောက်ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာ စက်တင်ဘာ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦးထိ ရှိနေပြီး ပထမဆုံး တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၇၁၂ ဟာ ဆေးစစ်ရာမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့တာကြောင့် မနေ့ မွန်းလွဲပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ 

ဇော်မိုးထက် (ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013