DVB Logo
Home
မြန်မာသတင်း
ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တတိုင်းလုံး Stay at Home အမိန့်ထုတ်ပြန်
DVB
·
September 20, 2020
ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တတိုင်းလုံး Stay at Home အမိန့်ထုတ်ပြန်
Donate to DVB

ကိုကိုးကျွန်းမပါဘဲ ရန်ကုန်တတိုင်းလုံးမှာရှိတဲ့ ကုမ္ပဏီနဲ့အဖွဲ့အစည်းဝန်ထမ်းတွေ အိမ်ကပဲ အလုပ်လုပ်ဖို့၊ စက်ရုံအလုပ်ရုံတွေက ဝန်ထမ်းတွေကို စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ အလုပ်မသွားဖို့ ကျန်းမာရေးဝန်ကြီးက အမိန့်ထုတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာတွေ ထပ်မံတွေ့လာတာ၊ ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိဘဲ လူနာတွေ့ရှိမှု အချိန်တိုအတွင်း များလာတာကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် မိမိအိမ်မှာပဲ နေထိုင်ဖို့ (Stay at Home) အမိန့်ထုတ်ပြန်တာလို့ ဆိုပါတယ်။ ကိုကိုးကျွန်းမပါဘဲ ရန်ကုန်တိုင်းတတိုင်းလုံးကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေထဲမှာ ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ သား၊ ငါး အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတွေ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရေ ာင်းချရေးလုပ်ငန်းတွေ၊ နေ့စဉ် တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်သူတွေကတော့ Stay at Home အစီအစဉ်မှာ မပါဝင်ပါဘူး။

အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ အိမ်ကနေပြီးတော့ အလုပ်လုပ်ရမှာဖြစ်ပြီး ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း CMP စက်ရုံ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်မယ့်သူတွေကိုတော့  စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ လုပ်ငန်းခွင်တွေကို သွားရောက်ခွင့်မပြုရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။

အစိုးရဝန်ထမ်းတွေကတော့ ၂ ပတ်ရုံးတက်၊ ၂ ပတ်အိမ်ကနေပြီး ရုံးလုပ်ငန်းလုပ်ရမှာဖြစ်ပါတယ်။

မဖြစ်မနေ ဈေးဝယ်ဖို့အတွက် တအိမ် တယောက်ပဲ သွားဖို့၊ ဆေးရုံ ဆေးခန်းတွေကို ၂ ယောက်ပဲသွားဖို့ စတာတွေကိုလည်း ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013