DVB Logo
Home
မြန်မာသတင်း
သီလဝါပြည်တွင်းစက်မှုဇုန်က ဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
September 20, 2020
သီလဝါပြည်တွင်းစက်မှုဇုန်က ဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့
Donate to DVB

သီလဝါပြည်တွင်းစက်မှုဇုန်က အထည်ချုပ်စက်ရုံဝန်ထမ်း တစ်ယောက်နဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ဝန်ထမ်းတစ်ယောက်မှာ ရောဂါပိုးတွေ့ခဲ့ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက DVB ကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညနဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာစုစုပေါင်း ၆၄၂ ယောက်ထဲက  ကျောက်တန်းမြို့နယ်ထဲက ပိုးတွေ့ရှိသူ ၁၅ ယောက် ပါဝင်ပြီး၊ ဒီ ၁၅ ယောက်ထဲမှာ သီလဝါပြည်တွင်းစက်မှုဇုန်က ဝန်ထမ်း ၂ ယောက် ပါဝင်လာတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာက အသွားအလာ ကန့်သတ်ထားချိန်မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိတာပါ။

အခုတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၁၅ ယောက်ထဲက အများစုဟာ အတည်ပြုလူနာဟောင်းတွေနဲ့ ထိတွေ့ခဲ့သူတွေ ပါဝင်ပြီး အနံ့ပျောက်ပြီး စစ်ဆေးရာက ပိုးတွေ့သူတွေလည်း ပါဝင်ပါတယ်။ 

အခုအတည်ပြုလူနာသစ် ၁၅ ယောက်နဲ့ပတ်သက်ပြီး အသွားအလာကန့်သတ်တာတွေ အပြင် ကျန်းမာရေးဆိုင်ရာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

ကျောက်တန်းမြို့နယ်မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၂၀ ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013