DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရေးမြို့နယ်အဝင် ဂိတ်စခန်းဖွင့်လှစ်စစ်ဆေး
DVB
·
September 19, 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရေးမြို့နယ်အဝင် ဂိတ်စခန်းဖွင့်လှစ်စစ်ဆေး
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်အဝင်၊ နှစ်ကရင်ရွာလမ်းဝမှာ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး ပူးပေါင်းအဖွဲ့နဲ့ ဂိတ်စခန်းဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဦးဆောင်မှုနဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့တွေက ပူးပေါင်းပြီးတော့ မြို့နယ်အဝင်အထွက် လူစာရင်းကောက်ယူတာတွေ၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့သူတွေကို CBSQ စခန်းကို ပို့ဆောင်တာတွေကို ဆောင်ရွက်နေတာပါ။

မြို့နယ်အဆင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က ခရီးသွားပြည်သူတွေ Quarantine ဝင်ရောက်နိုင်ရေးနဲ့ ရေးမြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ လူအဝင်အထွက်စာရင်းတွေကို contact တွေကို လိုက်ဖို့ လွယ်ကူစေဖို့ စိစစ်ကောက်ခံတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေချိန်မှာ ရေးမြို့နယ်အတွင်းကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်ပြင်ပ အခြားမြို့နယ်တွေကလူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လာနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပြီး အရပ်ဘက်အဖွဲ့တွေ တင်ပြတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်မှုနဲ့ မြို့နယ်အဆင့် အစည်းအဝေးတရပ် ကျင်းပကာ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုပြီး ပြည်နယ်အစိုးရ ခွင့်ပြုမိန့်နဲ့  ဖွင့်လှစ်နေတာပါ။

ရေးမြို့နယ်အရပ်ဘက် ကိုဗစ်ရောဂါကာကွယ်ထောက်ပံ့ကူညီရေးအဖွဲ့က ဦးအောင်နိုင်ဝင်းက “ဒီလိုစစ်ဆေးခြင်းအားဖြင့် ကျနော်တို့မြို့နယ်ကို ဝင်ရောက်လာနေတဲ့ ရောဂါဖြစ်တဲ့ဒေသက လူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ ဒါတွေကို တားဆီးနိုင်မှာဖြစ်သလို မလိုလားအပ်ဘဲ ခိုးဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ မဖြစ်ပွားသေးတဲ့ မြို့နယ်တွေမှာ ရေးမြို့နယ်ပါဝင်နေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ခုလ ၆ ရက်နေ့က ၁၀ ရက်နေ့အထိ ရေးမြို့နယ်၊ အစင်ကျေးရွာကို ရေခဲစက်ပြုပြင်ရန် လာရောက်ခဲ့တဲ့ အင်းစိန်မြို့နယ်က စောင့်ကြည့်လူနာတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် သူနဲ့ထိစပ်သူ ၁၀ ဦးကို CBSQ စခန်းတွင် ထားရှိကာ ပထမအကြိမ် စစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ် ဆက်လက်စစ်ဆေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်အတွင်း CBSQ စခန်း ၅ ခု ဖွင့်လှစ်ထားပြီး လူ ၁၃၃ ဦး နေထိုင်နေပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013