DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာက သိန်း ၁ သောင်းလှူဒါန်း
DVB
·
September 19, 2020
ကိုဗစ်-၁၉ ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာက သိန်း ၁ သောင်းလှူဒါန်း
Donate to DVB

ရန်ကုန် သုဝဏ္ဏကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နဲ့ မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း ၁၀,၀၀၀ မတည် လှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးမယ့် ဧရာဝတီ စင်တာ ယာယီဆေးရုံ အဆောက်အဦနဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ တခြားလိုအပ်တာတွေအတွက် လှူဒါန်းတာလို့ ဆိုပါတယ်။

လူနာ ၄၀၀ ကျော်ကို ကုသပေးနိုင်မယ့် အဲဒီဆေးရုံကို စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနေ့ညနေမှာ လူနာတွေ စတင်ထားနိုင်ဖို့ ရည်မှန်းထားပါတယ်။

ယာယီ ရောဂါကုသရေးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း အယောက် ၁၀၀ အပါအဝင် လူနာတွေရဲ့ နေ့စဉ် အစားအသောက်ကုန်ကျစရိတ်တွေကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမှာ ဖြစ်ပါတယ်။

အခုတော့ တခြားစီးပွားရေးုလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကလည်း လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေ လာရောက်လှူဒါန်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013