DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ ဦး ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
September 16, 2020
မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ ဦး ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ
1 / 6
Donate to DVB

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား  ၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ၅၀၅(ခ) တို့နဲ့ စက်တင်ဘာ ၁၅ ရက်က အမှုဖွင့်လိုက်တယ်လို့ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

မိတ္ထီလာမြို့မှာ  စာရွက်တွေ၊ စတေကာတွေ ဖြန့်ဝေတာ၊ ကပ်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ သဲမိုးဦး၊ သန်းတိုးအောင်၊ ဆန်းလင်းကို၊ နေရဲစိုးနဲ့ ရဲဘုန်းနေတို့ ၅ ဦးကို ဖမ်းဆီး အရေးယူလိုက်တာ ဖြစ်ပါတယ်။  

မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတာဝန်ကျ ရဲဝန်ထမ်းတဦးက “မြို့မရဲစခန်းက တက္ကသိုလ်ကျောင်းသား ၁ ဦးနဲ့ မိတ္ထီလာအမှတ်-၃ ရဲစခန်းက ၁ ဦးပေါင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ  ၂ ဦးကို ဖမ်းမိထားတယ်” လို့ပြောပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ သန်းတိုးအောင်ကို အောင်ဆန်းရပ်ကွက်ရှိ ရွှေလက်ဖက်ရည်ဆိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ဆန်းလင်းကိုတော့ မိတ္ထီလာမြို့နယ် သာစည်လေးရွာက နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။

အဆိုပါ ကျောင်းသား ၅ ဦးဟာ စက်တင်ဘာလ ၁၃ ရက်နေ့က ‘ရခိုင်ပြည်ကြီး ငြိမ်းချမ်းပါ စေ၊ ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ၊ ရခိုင်မှာ သွေးစက်ကျနေသရွေ့ ပြည်ထောင်စုက သွေးအိုင်ထဲမှာ မျောနေမှာပါ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊၊ ရခိုင်နှင့် ချင်းပြည်နယ်အတွင်း 4G အင်တာနက်လိုင်း ချက်ချင်းပေး၊ Stop War; Save Arakan မတရား အဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်စတဲ့ စာသားတွေပါတဲ့ စတေကာတွေကပ်တာ၊ ဖြန့်ဝေတာတွေကို မိတ္ထီလာမြို့ပေါ်မှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

သဲမိုးဦး အပါအဝင် ၅ ဦးကို တပ်မတော်အား ပုန်ကန်မှုဖြစ်စေရန်၊ လေးစားမှုပျက်ပြားစေရန် ကောလာဟလလ ထုတ်ပြန်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)/၅၀၅(ခ) တို့နဲ့ မြို့နယ်တရားရုံးမှာ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး  ဦးတိုက်လျှောက်ထား အမှုဖွင့်ခဲ့တာပါ။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013