DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ်-၈၈၃ ကို ဆေးရုံမှ ဆင်းခွင့်ပြု
DVB
·
September 15, 2020
မကွေးမြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ်-၈၈၃ ကို ဆေးရုံမှ ဆင်းခွင့်ပြု
Donate to DVB

မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာက ရခိုင်ပြည်နယ်က ပြန်လာတဲ့ လူနာအမှတ် ၈၈၃ ကို ကျန်းမာရေးကောင်းမွန်တဲ့အတွက် စက်တင်ဘာ ၁၄ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လပ်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက " လူနာအမှတ် ၈၈၃ ဟာ သင်ကြားရေးဆေးရုံမှာ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံဆင်ခွင့်ပြုလိုက်ပြီ။ ကိုဗစ်-၁၉ အတည်ပြည်လူနာတွေကို အရင်ကလို့ Negative နှစ်ကြိမ်ပြစရာမလိုဘဲ ဆေးရုံမှာ ၁၄ ရက်တက်ရောက်ပြီးက ကျန်းမာရေးကောင်းမွန်ကာ ရောဂါလက္ခဏာမပြဘူးဆိုရင် ဆေးရုံဆင်းခွင့်ပြုတယ်”လို့ ဆိုပါတယ်။

ဆေးရုံဆင်းခွင့်ရတဲ့ လူနာအမှတ်-၈၈၃ ကို မကွေးမြို့ ပညာရေးကောလိပ်မှာ Facility Quarantine ၇ ရက်ထားရှိပြီးမှ နေအိမ်ကို ပြန်ခွင့်ပြုမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အတည်ပြုလူနာဟာ ရခိုင်ပြည်နယ်ကို အလုပ်သမားသွားပို့ပြီး အပြန် ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ စောင့်ကြည့် သံသယလူနာ ၅၆ ဦးတက်ရောက်ကုသနေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ရယူကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013