DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်၊ ကောလိပ်နှင့် ဒီပလိုမာသင်တန်းများ အွန်လိုင်းမှမပြုလုပ်ရန် ထုတ်ပြန် 
DVB
·
September 10, 2020
တက္ကသိုလ်၊ ကောလိပ်နှင့် ဒီပလိုမာသင်တန်းများ အွန်လိုင်းမှမပြုလုပ်ရန် ထုတ်ပြန် 
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ  သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ပြည်တွင်းကူးစက်မှုတွေ များပြားလာတာကြောင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ဒီပလိုမာ သင်တန်းတွေအားလုံး face to face သာမက အွန်လိုင်းကနေပါ မဆောင်ရွက်ကြဖို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက  စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အွန်လိုင်းကနေ သင်ယူရာမှာ တစ်ဦးချင်းနေအိမ်ကနေ သင်ရတာမဟုတ်ပဲ အခန်းထဲမှာ ကျောင်းသားတွေစုပြီးသင်ရတာဖြစ်လာတဲ့အတွက် ခုလို တားမြစ် လိုက်ရတာလို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။ 

"အရင်က ဘွဲ့ကြိုတန်းတွေ ပိတ်ထားလိုက်ရပေမဲ့ ဘွဲ့လွန်တန်းတွေကတော့ သူ့ အစီအစဉ်နဲ့သူ  ဆက်လုပ်နေတာမျိုးတွေ ရှိတယ်။ အခုကျတော့ ရောဂါပိုးက အရမ်း ကူးစက်နေတာ ဖြစ်တဲ့အတွက် ပိတ်တာပါ။  အွန်လိုင်းကနေ သင်တာကလည်း one by one သင်ရတာမဟုတ်ဘူး။ အခန်းထဲမှာ ၁၀ ယောက်လောက်စုရတာတွေ ဖြစ်လာတဲ့အတွက် လူစုလူဝေးပုံစံမျိုးဖြစ်လို့ ဒါကိုလည်း ထပ်ပိတ်လိုက်ရတာပါ။''

တက္ကသိုလ်တချို့မှာ အွန်လိုင်းစနစ်နဲ့သင်ကြားနေပေမယ့် အပြင်မှာ လူချင်း ထိတွေ့တာတွေ ရှိနေတာကြောင့် အွန်လိုင်းသင်ကြားတာကို ရပ်နားတာဖြစ်တယ်လို့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တာဝန်ရှိသူ တဦးကလည်း ပြောပါတယ်။

တက္ကသိုလ်နဲ့ ကောလိပ်တွေအပြင် ပုံမှန်ဖွင့်လှစ်ထားတဲ့ ဘွဲကြို၊ ဘွဲ့လွန်သင်တန်းတွေ၊ HRD သင်တန်း၊ လက်တွေ့ကွင်းဆင်းတာ၊ Internship နဲ့ မဟာတန်း၊ ပါရဂူတန်းစတဲ့ သင်တန်းကိစ္စတွေကိုလည်း  face to face နဲ့ရော Online ကနေပါ ဆောင်ရွက်ခြင်းမပြုဖို့ အဆင့်မြင့်ပညာဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

လက်ရှိမှာ မြန်မာပြည်တွင်းက တချို့တက္ကသိုလ်တွေက online စနစ်နဲ့ သင်ကြားနေတာရှိသလို တချို့ကတော့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။

နိုင်ငံအနှံ့မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေကို အွန်လိုင်းကနေ Zoom ဆော့ဝဲလ်နဲ့  သင်တန်းပေးတာနဲ့ အစည်းအဝေးလုပ်ဆောင်တာတွေမှာ သက်ဆိုင်ရာကျောင်းတွေရဲ့ အစည်းအဝေးခန်းမထဲမှာ Projector ထားရှိပြီး  ဆရာဆရာမတွေ ဒါမှမဟုတ် သင်တန်းသားတွေ  စုပေါင်းပြီး တက်ရောက်ကြရတာဖြစ်လို့ ရောဂါကူးစက်နိုင်တဲ့ အခြေအနေရှိနေတာလည်း ဖြစ်ပါ တယ်။

နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားတွေကတော့ အွန်လိုင်းသင်ကြားတာကို ကြိုးစားပြီး လုပ်ပေမယ့် အခုလိုရပ်နားလိုက်တာကြောင့် အားလျော့သွားတာတွေရှိတယ်လို့ တက္ကသိုလ် ဆရာမ တဦးက ပြောပါတယ်။

လတ်တလော  လူမှုကွန်ရက်တွေမှာလည်း   Online learning နဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားတွေအကြား  ဝေဖန်တာတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ မတ်လကတည်းက ပုံမှန်ကျင်းပနေဆဲ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေရဲ့ ပထမနှစ်ဝက်စာမေးပွဲကို မတ်လ ၂၄ ရက် မနက်ပိုင်းမှာ စတင်ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။  

 သတင်း- နွေလှိုင်း(YU)/ ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013