DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်နှင့် ကောလိပ် စတုတ္ထနှစ်အပါအဝင်သင်တန်းအချို့ပြန်ဖွင့်
DVB
·
January 6, 2022
တက္ကသိုလ်နှင့် ကောလိပ် စတုတ္ထနှစ်အပါအဝင်သင်တန်းအချို့ပြန်ဖွင့်
Donate to DVB

ဥပဒေနဲ့ ပညာရေးအပါအဝင် တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ဘွဲ့သင်တန်းတချို့ကို  ဇန်နဝါရီ ၆ ရက် ဒီကနေ့ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ၂၀၁၉-၂၀ နဲ့ ၂၀၂၁-၂၂ ပညာသင်နှစ်တွေအတွက် စတုတ္ထနှစ် ဥပဒေနဲ့ ပညာရေး ဒုတိယနှစ်ဝက်သင်တန်းတွေကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။

ပြီးတော့ ဂုဏ်ထူးတန်း တတိယနှစ်နဲ့  မဟာအရည်အချင်းစစ်သင်တန်း ပထနှစ်ဝက်တွေ၊ မဟာဘွဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်အတွက် ပထမနှစ်ဝက်သင်တန်းတွေကိုလည်း ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံသင်တန်းတွေကိုလည်း ဒီနေ့ ဖွင့်တော့မယ်လို့ ကြေညာထားပါတယ်။

ဒီထဲမှာ လေကြောင်းနဲ့ အာသာသပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်ပညာတက္ကသိုလ်တို့မှာတော့ ပထမနှစ်ကနေစလို့ ဖွင့်မှာဖြစ်ပြီး တခြားတက္ကသိုလ်တွေမှာတော့ တတိယနှစ်ကမှ စဖွင့်တာပါ။ AGTI တွေကိုတော့ ပထမနှစ်နဲ့ ဒုတိယနှစ်တို့အတွက် ဖွင့်မယ်လို့ ဆိုထားပါတယ်။

သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှာတော့ သစ်တောပညာ ပထမနှစ်ကနေ စတုတ္ထနှစ်အထိကို ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

မွေးမြူရေးဆိုင်ရာ ဆေးက္ကသိုလ်မှာတော့ တိရစ္ဆာန်ဆေးပညာ ပဉ္စမနှစ်နဲ့ မွေးမြူရေးပညာ တတိယနှစ်တို့တက်ရောက်ရမှာဖြစ်ပြီး သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်က သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှာတော့ တတိယနှစ်နဲ့ မဟာတန်းတို့ကို ဒီနေ့ ဖွင့်မယ်လို့ ကြေညာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013