
စပါးအသင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး အခုရာသီ ပရီးမီးယားလိဂ် ပထမဆုံး ရမှတ် ၁ မှတ်စတင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ စပါးအသင်းဟာ ရာသီစ ပထမ ၃ ပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ၁၉၇၄-၇၅ ရာသီနောက်ပိုင်း ၅၂ နှစ်အတွင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုမှတ်တမ်းနဲ့ ရင်ဆိုင်နေရတာပါ။
နွေရာသီမှာ ပေါင် သန်း ၃၀၀ ကျော် သုံးစွဲပြီး ကစားသမားသစ် ၁၀ ယောက်အထိ ခေါ်ယူထားတာကြောင့် အသင်းရဲ့ ကစားဟန် အသားကျဖို့ အချိန်လိုအပ်သေးတယ်လို့ နည်းပြ ဒီဇာဘီက ဆိုပါတယ်။
လက်တွေ့ဘောလုံးလောကဟာ Football Manager ဂိမ်းလို ကစားသမားနာမည်တွေနဲ့ ရုတ်တရက် တည်ဆောက်လို့ မရကြောင်းနဲ့ တိုက်စစ်ပိုင်း ဆုံးဖြတ်ချက်လွဲမှားမှုတွေကို ပြင်ဆင်သွားရမယ်လို့ လည်း ပြောသွားပါတယ်။











