DVB Logo
Home
မြန်မာသတင်း
ဒက္ခိဏသီရိမြို့နယ်က ကိုဗစ်-၁၉လူနာ၏ မိသားစုဝင်များကို Quarantine ထားရှိ
DVB
·
September 5, 2020
ဒက္ခိဏသီရိမြို့နယ်က ကိုဗစ်-၁၉လူနာ၏ မိသားစုဝင်များကို Quarantine ထားရှိ
Donate to DVB

နေပြည်တော် ပိုးတွေ့လူနာသစ် ၇ ဦးထဲက ဒက္ခိဏသီရိမြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာရဲ့ ဆက်စပ်မိသားစုဝင်တွေကို Quarantine ထားရှိထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက် ည ၈ နာရီထုတ်ပြန်ချက်ထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အသစ် ၃၈ ဦးတွေ့ရှိရပြီး အဲ့ဒီထဲမှာ နေပြည်တော်က ၇ ဦး ပါဝင်လာတာပါ။ 

ဒီထဲက ၆ ဦးဟာ နေပြည်တော်ပြင်ပကနေ ပြန်လာပြီးနောက် Quarantine ဝင်နေသူတွေဖြစ်ကာ နေပြည်တော်အတွင်း ထိတွေ့မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

 ကျန် အတည်ပြုလူနာ ၁ ဦးရဲ့ ဆက်စပ်မိသားစုဝင်တွေ အားလုံးကိုလည်း Quarantine ထားရှိထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုညွှန်ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“၁ ယောက်ကတော့ ခုတင် ၁၀၀၀ ဆေးရုံကိုလာပြတာ၊ အစာအိမ်ရောဂါနဲ့ လာပြတယ်။ အဲဒါနဲ့ ကျနော်တို့ ဆေးစစ်လို့တွေ့လိုက်တာပေါ့။ သူက ဒက္ခိဏသီရိမြို့နယ်က၊ သူနဲ့ဆက်စပ်နေတဲ့ မိသားစုတွေ စသဖြင့် အားလုံးကိုလည်း လိုအပ်တဲ့ Quarantine လုပ်ပြီးပါပြီ။ ကျန်တဲ့ ၆ ယောက်ကတော့ နေပြည်တော်ပြင်ပကနေ ဝင်လာတာ၊ ဝင်လာလို့ Quarantine ထဲမှာထားပြီးတော့ ဆေးစစ်တဲ့အခါမှာ တွေ့တာ ဖြစ်တဲ့အတွက် နေပြည်တော်ထဲမှာတော့ contact မရှိပါဘူး” လို့ ပြောပါတယ်။

အခုတွေ့ရှိရတဲ့ ပြင်ပကနေ ပြန်လာသူ ၆ ဦးဟာ စက်တင်ဘာ ၂ ရက်နေ့က နေပြည်တော်ဝင်လာသူတွေနဲ့ အစောပိုင်းမှာ ရခိုင်ပြည်နယ်က ပြန်လာသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“၂ ရက်နေ့ကျတော့ နေပြည်တော်ထဲ ဘယ်သူဝင်ဝင် Quarantine လုပ်ရတာ၊ အဲဒီမတိုင်ခင်ရှေ့ပိုင်းမှာ ကျနော်တို့ ပက်ကေ့ချ် လုပ်တာရှိသေးတယ်။ ရခိုင်က ပြန်လာတာ၊ ရခိုင်ပြန်တွေလည်း Quarantine လုပ်ထားတဲ့အဖွဲ့တွေလည်း ပါတယ်။ နောက်တခါ ၂ ရက်နေ့မှ ဝင်လာတဲ့သူတွေလည်း ပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၅ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၄၅ ဦး ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013