DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် မြို့မ​စျေးကြီးကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂ လအတွင်း အပြီးဆောက်မည်
DVB
·
September 4, 2020
ယင်းမာပင် မြို့မ​စျေးကြီးကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂ လအတွင်း အပြီးဆောက်မည်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း​၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့မ​စျေးကြီး ​ဟောင်းနွမ်း​နေတဲ့အတွက် ​စျေးသူ​စျေးသားတွေရဲ့ ထည့်ဝင်​ငွေနဲ့ ကိုယ်ထူကိုယ်ထ အသစ်ပြန်လည်တည်​ဆောက်မယ်လို့ သိရပါတယ်။

မြို့မ​စျေးကြီးဟာ ​ဟောင်းနွမ်းပျက်စီး​နေတာကြောင့် ​စျေးသူ​စျေးသားဟာ ရာသီဥတုဒဏ်​ နှစ်စဉ်ခံစား​နေကြရတာဖြစ်ပါတယ်။ 

ပြန်လည်ပြုပြင်တည်​ဆောက်ဖို့ ယခင်နှစ်​တွေကတည်းက ကြိုးပမ်း​ဆောင်ရွက်ခဲ့ကြ​ပေမယ့် ​အောင်မြင်မှုမရရှိခဲ့ဘဲ ဒီနှစ်မှာ​တော့ ​စျေးသူ​စျေးသား​တွေရဲ့ စည်းလုံးမှုအားနဲ့ ကိုယ်ထူကိုယ်ထ တည်​ဆောက်ကြတာလို့ ယင်းမာပင်မြို့နယ် ရွာ​ထောင်​ကျေးရွာနေ ​​စျေးသည် ​ဒေါ်မြင့်ရီက ​​ပြောပါတယ်။

"အရင်က ​စျေး​ရောင်းရတာ ဆိုင်ခန်းကလည်း ပျက်စီးယိုယွင်း​နေတာကြပါပြီရှင့်။ မိုးရွာတဲ့ အခါမှာလည်း အမိုးက​လေး​တွေ ထီးက​လေး​တွေနဲ့မိုးပြီး ​ဆောင်းရပါတယ်။ ကျမတို့ ဒီ​စျေးကြီးကို အသစ်ပြန်လည်တည်​ဆောက်​စေချင်တာလည်းကြာပါပြီ။ ခဏခဏလည်း စည်း​ဝေးရပါတယ်။ ၂ နှစ်၊ ၃ နှစ်ရှိပြီ၊ မ​အောင်မြင်ခဲ့ပါဘူး။ အခုမှ ​အောင်​အောင်မြင်မြင်နဲ့​ ကိုယ်ထူကိုယ်ထစနစ် ဆောက်နိုင်ခဲ့တာ။" 

ယင်းမာပင်မြို့ (ဃ) ရပ်ကွက်​နေ ​စျေး​ကော်မတီဝင် ဦးကြည်​အေးက "​စျေးကို ၂ လအတွင်း ပြီးနိုင်​​အောင် တည်​ဆောက်မယ်လို့ ကြိုးစားထားပါတယ်။ ယင်းမာပင်က ခရိုင်မြို့ဖြစ်တော့ ခရိုင်မြို့နဲ့တင့်တယ်မယ့် ​စျေးသစ်ကြီး​ပေါ်​ပေါက်လာမှာကို​တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်" လို့ ​ပြောပါတယ်။

ဆိုင်ခန်းသစ်တည်​ဆောက်​ရေးအပိုင်းမှာ ကော်မတီ ၅ ခုဖွဲ့စည်းကာ ​ကော်မတီ ၁ ခုကို စည်ပင်​ကော်မတီက ၂ ယောက်၊ စျေး​ကော်မတီက ၂ ​ယောက်၊ ဆိုင်ခန်းပိုင်ရှင် ၅ ​ယောက် စုစု​ပေါင်း ၉ ဦးစီနဲ့ ဖွဲ့စည်းထားပါတယ်။

​ယင်းမာပင်မြို့မ​စျေးထဲမှာ (က,ခ,ဂ,ဃ) ဆိုပြီး ရုံ​ပေါင်း ၄ ရုံ၊ ဆိုင်ခန်း​ပေါင်း ၆၄ ခန်းရှိကာ အခန်း​ပေါင်း ၆၀ စတင်တည်​ဆောက်မှာဖြစ်ပါတယ်။ ​

စျေးဆိုင်ခန်း ၁ ခန်းကို ၂၅ သိန်း သတ်မှတ်ထားပြီး ပထမ​အကြိမ် ၁၀ သိန်း၊ ဒုတိယအကြိမ် ၁၀ သိန်းနှင့် တတိယအကြိမ် ၅ သိန်းဆိုပြီး ​အရစ်ကျ​ပေးသွင်းရမှာဖြစ်ပါတယ်။ 

ဆိုင်ခန်း​တွေကို သက်ဆိုင်တဲ့​ ကော်မတီက​နေ မဲစနစ်နဲ့ ချထား​ပေးမှာဖြစ်ပြီး ​​​စာရင်းရှင်းတမ်း​များ​ပေးကာ သွင်းထား​ငွေ ပိုခဲ့ရင် ပြန်​ပေးမှာဖြစ်သလို လိုအပ်ရင်လည်း ပြန်လည်​တောင်းယူမယ်လို့ ယင်းမာပင်မြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်ဘိုမြင့်က ​ပြောပါတယ်။

အခုတည်​ဆောက်မယ့် ​​စျေးဆိုင်ခန်းသစ်အကျယ်ဝန်းဟာ ၁.၁၅ ဧက ကျယ်ဝန်းပြီး ​စျေးခန်း ၁ ခန်းအကျယ်အဝန်းက​တော့ ၉ ​ပေပတ်လည်ဖြစ်ကာ ၂ လအတွင်း အပြီးတည်​ဆောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013