
တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြသစ် ဒီဇာဘီဟာ သူ့ရဲ့ ပွဲဦးထွက်မှာတင် ဆန်းဒါးလန်းကို (၁-၀) ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားတွေဟာ တန်းဆင်းရမှာကို ကြောက်ရွံ့တဲ့စိတ်ကြောင့် ခြေစွမ်းမပြနိုင် ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ် ၁၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတာပါ။
ဒီဇာဘီက “ကစားသမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားနေရပါတယ်။ စပါးလိုအသင်းမျိုး ဇယားအောက်ခြေ ရောက်နေတာကို သူတို့လည်း မပျော်ပါဘူး။ ဒါပေမဲ့ နာမည်တခုတည်းနဲ့တင် နိုင်မှာမဟုတ်ဘဲ ကွင်းထဲမှာ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
ဒီပွဲမှာ အသင်းခေါင်းဆောင် ရိုမီရိုလည်း ဒူးဒဏ်ရာရသွားခဲ့လို့ စပါးအတွက်တော့ အခြေအနေက ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။










