DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၇  မြို့နယ်၌   Stay at Home အစီအစဉ် အမိန့်ထုတ်ပြန် 
DVB
·
September 1, 2020
ရန်ကုန်တိုင်း ၇  မြို့နယ်၌   Stay at Home အစီအစဉ် အမိန့်ထုတ်ပြန် 
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၇  မြို့နယ်ကို    Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

အဆိုပါ မြို့နယ် ၇ မြို့နယ်ကတော့ သင်္ကန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံ မြို့နယ်တို့ ဖြစ်ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီဆောင်ရွက်နေရာမှာ ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရတာ၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိတဲ့ လူနာတွေ များပြားလာလို့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့  အဆိုပါ မြို့နယ်တွေမှာနေထိုင်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။ 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်ညနဲ့  စက်တင်ဘာ ၁ ရက် မနက်က ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀၀ ဦး အထဲမှာ အတည်ပြု  လူနာနဲ့ထိတွေ့မှုမရှိတဲ့ ခရီးသွားရာဇဝင်မရှိသူ  လေးပုံ တစ်ပုံလောက်ပါဝင်နေတာဖြစ်ပါတယ်။

Stay at Home အမိန့်အရ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး ကျန်သူတွေအိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။

တခြားအရေးပေါ်ကိစ္စတွေနဲ့ သွားလာဖို့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဖို့ ခွင့်ပြုချက်ယူဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့  တာဝန်ထမ်းဆောင်ဖို့ သွားလာသူတွေကလွဲပြီး ရပ်ကွက်ပြင်ပမှ လည်းကောင်း ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်သွားလာတာတွေခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာ ၂ ရက်  မနက် ၈ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ခုနှစ်ဆန်းပိုင်းကလည်း အင်းစိန်မြို့နယ် အပါအဝင် ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခုမှာ မိမိနေအိမ်မှာ နေထိုင်ရေး(Stay at Home)အစီအစဉ် သတ်မှတ်ခဲ့ဖူးပြီး ခု ရန်ကုန်တိုင်းမှာ ဒုတိယအကြိမ်ထပ်မံအမိန့် ထုတ်ပြန် လိုက်တာပါ။

ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံးမှာလည်း   Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013