DVB Logo
Home
မြန်မာသတင်း
ဖျာပုံခရိုင်တွင် ပထမဆုံးအကြိမ်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် လူငယ် ၂၇၀၀၀ ကျော်ရှိနေ
DVB
·
August 31, 2020
ဖျာပုံခရိုင်တွင် ပထမဆုံးအကြိမ်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် လူငယ် ၂၇၀၀၀ ကျော်ရှိနေ
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်လို့ ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရှိတဲ့လူငယ်မဲဆန္ဒရှင်ပေါင်း ၂၇၀၀၀ ကျော်ရှိနေတယ်လို့ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေ သိရပါတယ်။

ဖျာပုံခရိုင်အတွင်းက ပထမဆုံးအကြိမ် မဲပေးခွင့်ရှိတဲ့ လူငယ်တွေကို စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့  ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်ဝင်းသိန်းက ပြောပါတယ်။

ပထမအကြိမ် စတင်မဲပေးခွင့်ရမယ့် လူငယ် မမျိုးသီရိကျော်က “ပြည်သူဘက်က ရပ်တည်ပေးနိုင်မယ့်၊ လူငယ်တွေဘက်ကလည်း တွေးနိုင်မယ့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံကို ထောက်ပံ့ပေးနိုင်တဲ့သူကိုပဲ မဲပေးချင်တယ်။ ပါတီစွဲမရှိပါဘူး၊ လုပ်ရည်ကိုင်ရည်ရှိပြီး ပြည်သူ့ဘက်ကို ရပ်တည်ပေးနိုင်မယ့်သူကိုပဲ မဲပေးမယ်” လို့ ပြောပါတယ်။

ဖျာပုံခရိုင်မှာ  နိုင်ငံရေးပါတီ ၁၀ ပါတီနဲ့ တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင်  ကိုယ်စားလှယ်လောင်း ၇၃ ဦးရွေးကောက်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၆၈၀၀၀၀ ကျော်နဲ့ မဲရုံပေါင်း ၁၀၅၀ ရုံရှိတယ်လို့  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။

သတင်း - ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013