DVB Logo
Home
မြန်မာသတင်း
ဖျာပုံခရိုင်အတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု ဇူလိုင် ၂၀ ရက် စလက်ခံမည်
DVB
·
July 8, 2020
ဖျာပုံခရိုင်အတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု ဇူလိုင် ၂၀ ရက် စလက်ခံမည်
Donate to DVB

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်ပို့မှုကို ဇူလိုင် ၂၀ ရက်နေ့ကစပြီး စတင်လက်ခံသွားမယ်လို့ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ‌ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၈ ရက်နေ့အထိ နောက်ဆုံးထားတင်သွင်းရမယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့အခါမှာ ကိုယ်စားလှယ်လောင်းစာရင်း ကနေ ပြန်လည်ရုပ်သိမ်းလိုပါက သြဂုတ် ၁၀ ရက်နေ့အထိ ရုပ်သိမ်းနိုင်ပါတယ်။ 

သြဂုတ် ၁၁ ရက်နေ့ကစပြီး ကိုယ်စားလှယ်လောင်းတွေကို စိစစ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဖျာပုံခရိုင် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ အစစ်ဆေးခံနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်က မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့်အညီ တစ်ထပ်တည်းကျခြင်း စတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စံ ၅ ချက်နဲ့အညီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖျာပုံခရိုင်အတွင်း စီမံချက်အဆင့် ၄ ဆင့်နဲ့ဆောင်ရွက်နေတယ်လို ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက သိရပါတယ်။

အခြေခံလူဦးရေစာရင်းကောက်ယူတာ၊ မဲဆန္ဒရှင်စာရင်းပြုစုတာ၊ အစဉ်အဆက်မပျက် မဲစာရင်းတွေကို အကဲဖျက်ပြီး ပြုစုပြင်ဆင်တာ၊ မဲစာရင်း ကြေညာတာလို့ ဖြစ်တယ်လို့ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်းက ပြောပါတယ်။

ဖျာပုံခရိုင်အတွင်းမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၄ နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ ၂ နေရာ၊ တိုင်းဒေသကြီး ၁၊ ၂ မဲဆန္ဒနယ်မြေ ၈ နေရာ၊ တိုင်းရင်းသား လွှတ်တော် မဲဆန္ဒနယ်မြေ ကရင် နဲ့ ရခိုင် ၂ နေရာ ရှိပါတယ်။

ဖျာပုံခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်မြေ စာရင်းအနေနဲ့ ကရင် နဲ့ ရခိုင် ၂ နေရာပါဝင်နေပြီး ကရင်တိုင်းရင်းသား ဦးရေ ၂၇၀၀၀ နဲ့ ရခိုင် တိုင်းရင်းသား ၂၇၀၀ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

ကျော်စိုးမိုး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013