DVB Logo
Home
Lead Story
အမြင်အာရုံချို့တဲ့ပေမဲ့ The Money Drop Myanmar အစီအစဉ်မှာ ဆုကြေးငွေသိန်း ၂၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ
DVB
·
August 28, 2020
အမြင်အာရုံချို့တဲ့ပေမဲ့ The Money Drop Myanmar အစီအစဉ်မှာ ဆုကြေးငွေသိန်း ၂၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ
Donate to DVB

       နာမည်ကြီး ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ The Money Drop Myanmar - ငွေတွေဝင် အစီအစဉ်မှာ အမြင်အာရုံချို့တဲ့ပေမဲ့ ဆုကြေးငွေ သိန်း ၂၀ ရရှိခဲ့သူတယောက် ထွက်ပေါ်လာခဲ့ပါတယ်။

       ဒီအစီအစဉ်မှာတော့ နှစ်ယောက်တစ်သင်း ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲဝင်တွေဟာ ငွေ ကျပ်သိန်း ၂၅၀ ကို အရင်းပြုပြီးတော့ မေးခွန်း ၈ ခုကိုဖြေဆိုရွေးချယ်ရတာဖြစ်ပြီး မေး ခွန်းတဆင့်ချင်းစီတိုင်းမှာ ပြိုင်ပွဲဝင်တွေအတွက် ရွေးချယ်စရာ မေးခွန်းအမျိုးအစား ခုရှိ ပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။

အဖြေရွေးချယ်ရာမှာတော့ မိမိမှန်တယ်ထင်တဲ့ အဖြေဖော်ပြထားတဲ့ Drop ပေါ်ကို ပေးထားတဲ့ ငွေကျပ်သိန်း ၂၅၀ ထဲမှ ကြိုက်နှစ်သက်သလောက် ပိုက်ဆံကိုတင်ပေးရမှာ ဖြစ်ကာ အဖြေ လေးခု၊ Drop လေးခုကမှ အဖြေမှန်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

အဖြေကို တခုထက်ပိုပြီးရွေးချယ်နိုင်ကာ အဖြေမှန်ရင်တော့ ပိုက်ဆံတွေ ကျန်ခဲ့မှာ ဖြစ်ပြီး အဖြေမှားခဲ့ပါက Drop ကနေ ပိုက်ဆံတွေ Stage အောက်ကို ကျသွားမှာ ဖြစ်ပါ တယ်။

နောက်ထပ်မေးခွန်းတွေကိုတော့ ကျန်ရှိတဲ့ ပိုက်ဆံတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရင်း မေးခွန်း ၈ ခုထိ အရောက်သွားရမှာဖြစ်ပါတယ်။

  နောက်ဆုံးမေးခွန်းကတော့ ရွေးချယ်စရာ အဖြေနှစ်ခုပဲကျန်မှာဖြစ်ပြီး အဖြေမှန်ခဲ့ ရင် ကျန်ရှိတဲ့ ပိုက်ဆံတွေကို အကုန်ရမှာဖြစ်ပြီး အဖြေမှားခဲ့ရင်တော့ ဆုကြေးငွေ မရဘဲ ပြိုင်ပွဲကနေ ထွက်ခွာသွားရမှာဖြစ်ပါတယ်။

  မေးခွန်းတဆင့်ချင်းစီတိုင်းမှာ စိတ်လှုပ်ရှားစရာတွေနဲ့အတူ နယ်ပယ်အသီးသီးက ပညာရပ်ဆိုင်ရာ မေးခွန်းတွေနဲ့ စီစဉ်ထားတဲ့ ဒီအစီအစဉ်ဟာ အတွေ့အကြုံဗဟုသုတ ကြွယ်ဝမှသာ အဆင့်ဆင့်ဖြတ်ကျော်ပြီး ဆုငွေရရှိတာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ အစီအစဉ်မှာ ပါဝင်လာသူကတော့ မြောက်ဉက္ကလာပမြို့နယ်က လာ ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမြင်အာရုံချို့တဲ့သူ ကိုကောင်းမြတ်ကျော်နဲ့ သူ့ရဲ့အဒေါ်ဖြစ်သူ ဆွေဇင်ထိုက်တို့ပဲ ဖြစ်ပါတယ်။

မူလတန်းအရွယ်လောက်ကတည်းက အမြင်အာရုံချို့တဲ့သူ ကိုကောင်းမြတ်ကျော်ဟာ ဆယ်တန်းစာမေးပွဲကို ဓာတုဗေဒဘာသာရပ်ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ကုန်ထုတ် ဓာတု ဗေဒအထူးပြုနဲ့ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

အဒေါ်ဖြစ်သူ၊ မိသားစုတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ဇွဲမလျှော့ပဲ ကြိုးစားလျှောက်လှမ်းလာခဲ့တဲ့ ကောင်းမြတ်ကျော်ရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ ဒီအစီအစဉ်မှာတော့ ခက်ခဲတဲ့ မေးခွန်းတွေကို ဖြတ်ကျော်ပြီး ဆုကြေးငွေသိန်း ၂၀ ကို ဘယ်လိုရရှိခဲ့သလဲဆိုတာကိုတော့ အောက်ဖော်ပြပါလင့်ခ်ကနေတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ရုပ်သံ ကြည်ရှုရန် - https://www.pyoneplay.com/video/6184908899001

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013