DVB Logo
Home
မြန်မာသတင်း
အမြင်အာရုံချို့တဲ့သူများအတွက် Reading Club  သရုပ်ဆောင်ဒေါင်း တည်ထောင်
DVB
·
December 4, 2020
အမြင်အာရုံချို့တဲ့သူများအတွက် Reading Club  သရုပ်ဆောင်ဒေါင်း တည်ထောင်
Donate to DVB

စာဖတ်ဖို့ အခက်အခဲရှိတဲ့ အမြင်အာရုံချို့တဲ့သူတွေအတွက် အဓိကရည်ရွယ်ကာ Daung Reading Club ကို သရုပ်ဆောင် ဒေါင်းက ဒီဇင်ဘာ ၃ ရက်-"အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" မှာ စတင်တည်ထောင်လိုက်ပါတယ်။

ဒီကလပ်ကိုတော့ Facebook Public Group အနေနဲ့ စတင်ခဲ့တာဖြစ်ကာ စာဖတ် ဖို့ အခက်အခဲရှိတဲ့ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အချိန်မပေးနိုင်သူတွေ၊ စာအုပ် တွေ လက်လှမ်းမမီတဲ့ နိုင်ငံရပ်ခြားရောက်ရှိနေသူတွေ အလွယ်တကူ audiobook တွေ နားဆင်နိုင်ဖို့နဲ့ သရုပ်ဆောင် "ဒေါင်း"  live နဲ့ စာဖတ်ပြတာတွေကို နားထောင်နိုင်စေဖို့  ဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Daung Reading Club ကနေ စိတ်ဝင်စားတဲ့ ပရိသတ်တွေက စာဖတ်ပြ တဲ့အသံဖိုင်တွေကိုလည်း ပေးပို့နိုင်ပြီး စာဖတ်ပြသူတွေ၊ နားထောင်သူတွေ မိတ်ဆွေ အချင်းချင်း မျှဝေရာကတဆင့် လူငယ်တွေကြား စာဖတ်ခြင်းအလေ့အထ ပိုမိုပျံ့နှံ့စေဖို့ လည်း ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွ ကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ လတ်တလော ကိုဗစ်ကာလမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို စိတ်ခွန်အားပေး စာဖတ်ပြတာ တွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧပြီလလယ်လောက်ကတည်းက စတင်ကာ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် နာမည်ကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ဝတ္ထု၊ ကဗျာစတာတွေကို အွန်လိုင်းကနေ ပုံမှန် တိုက်ရိုက်လွှင့်ဖတ်ပြနေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးသူ ပရိသတ် (Followers) ၁ ဒသမ ၆ သန်းကျော် ရှိနေခဲ့ပြီဖြစ်ကာ လတ်တလောဖွင့်လှစ်လိုက်တဲ့  Daung Reading Club (DRC) မှာတော့ တရက်အတွင်း အဖွဲ့ဝင်(Members) ၁၄၀၀ ကျော် ရှိတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013