DVB Logo
Home
မြန်မာသတင်း
၁ ပေပတ်လည် ၈ ကျပ်နှုန်းဖြင့် ငှားထားသည့်မြေနေရာအချို့ ငှားရမ်းခွင့်ရပ်ဆိုင်းမည်ဟု ပဲခူးစည်ပင်ပြော
DVB
·
August 27, 2020
၁ ပေပတ်လည် ၈ ကျပ်နှုန်းဖြင့် ငှားထားသည့်မြေနေရာအချို့ ငှားရမ်းခွင့်ရပ်ဆိုင်းမည်ဟု ပဲခူးစည်ပင်ပြော
Donate to DVB

မြို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပဲခူးမြို့ရဲ့အဓိကနေရာတွေမှာ စည်ပင်ကနေငှားရမ်းထားတဲ့ တစညရုံးမြေနေရာ၊ စစ်မှုထမ်းဟောင်းရုံးမြေနေရာနဲ့ ပုဂ္ဂလိကတွေကို ငှားရမ်းထားတဲ့ မြေနေရာတချို့ကို ငှားရမ်းခွင့်ရပ်ဆိုင်းသွားမယ်လို့ ပဲခူးမြို့စည်ပင်ကော်မတီဝင် ၁ ဦးက ပြောပါတယ်။

ပဲခူးမြို့မှာ စည်ပင်ပိုင်မြေကွက် ၃၇၀ ကျော်ရှိပြီး အဲဒီထဲကမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကြတဲ့ ပဲခူးမြို့နာရီစင်အနီး ရန်ကုန်-မန္တလေးလမ်းဘေးက စစ်မှုထမ်းဟောင်းရုံးမြေနေရာ၊ တစညရုံးမြေနေရာ နဲ့ ပဲခူး မြို့ရှင်စောပုလမ်းက ပုဂ္ဂလိကတွေကို ငှားထားတဲ့မြေကွက် ၆ ကွက်ကို ငှားရမ်းခွင့်ရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့  ပဲခူးမြို့နယ် စည်ပင်ကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဝေက ပြောပါတယ်။

“ငှားရမ်းခွင့်ရပ်ဆိုင်ပြီးရင် အဲဒီနေရာတွေမှာ အဆင့်မြင့် အဆောက်အဦတွေ ဆောက်ပြီး Shooping Mall တွေဆောက်မယ်၊ မြို့ထဲလမ်းဘေးတွေမှာကျူးကျော်ပြီး အစားအသောက်တွေရောင်းချနေတဲ့ စျေးသည်တွေကိုလည်း အဲဒီနေရာတွေမှာ ဆိုင်နေရာတွေပေး ပြီး မြို့သာယာလှပေအောင် ဆောင်ရွက်ဖို့ အစီအမံတွေရေးဆွဲထားတယ်။” 

အဲဒီ  တစညရုံးနဲ့ စစ်မှုထမ်းဟောင်းရုံးမြေနေရာတွေကို စည်ပင်ကနေ ၁၉၈၉ ခုနှစ်လောက် ကတည်းက ငှားရမ်းခဲ့ပြီး အဲဒီအချိန်ကတည်းက ၁ ပေပတ်လည်ကို ၁ ကျပ်၊ ပဲစည်ပင်ကို ပေးဆောင်ရကာ ပြီးခဲ့တဲ့နှစ်ကမှ ၁ ပေ ပတ်လည်ကို ၈ ကျပ်နှုန်းပြောင်းလဲကောက်ခံခဲ့တာလို့ ဆိုပါတယ်။ 

အခုလို ငှားရမ်းခွင်ရပ်ဆိုင်းမယ်ဆိုရင်လည်း တစည အပါအဝင် စစ်မှုထမ်းဟောင်း အဖွဲ့ကိုလည်း ရုံးခန်းနေရာပြန်ပေးမှာဖြစ်သလို တစညကနေ ဆိုင်ခန်းတွေ ပြန်ငှားထားတာ ရှိတဲ့ အတွက် အဲဒီဆိုင်းခန်းတွေအတွက်လည်း ဆိုင်ခန်းတွေ ပြန်စီစဉ်ပေးသွားဦးမှာဖြစ်ပါတယ်။

အဲဒီလို ပဲခူးစည်ပင်ကနေ မြေငှားရမ်းခွင့်ရပ်ဆိုင်ဖို့အတွက် စစ်မှုထမ်းဟောင်းအဖွဲ့၊ တစညပါတီနဲ့ ရှင်စောပုလမ်းက ပုဂ္ဂလိကတွေကို ငှားထားတဲ့ မြေကွက် ၆ ကွက် ငှားရမ်းထားသူ တွေကို စည်ပင်ကနေ ၄ ကြိမ် ခေါ်ယူညှိနှိုင်းပေမယ့် စစ်မှုထမ်းဟောင်အဖွဲ့က တခါမှ မလာရောက် သလို ရှင်စောပုလမ်းက ပုဂ္ဂလိကတွေကို ငှားထားတဲ့မြေကွက် ၆ ကွက်ကသူတွေကလည်း မဆွေးနွေးလိုကြောင်း အကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။

တစည ပါတီကတော့ အစည်းအဝေး ၄ ကြိမ်မှာ ၃ ကြိမ်တက်ရောက်ပြီး သူတို့အနေနဲ့ကတော့ မြေနေရာနဲ့ပတ်သက်ပြီး လက်ရှိ အခြေအနေကို ပါတီဗဟို တင်ပြထားတယ်လို့ ပဲခူးတိုင်း တစညပါတီ တိုင်းဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်က ပြောပါတယ်။

အခုဒီစီမံကိန်းကို ဖော်ဆောင်ပြီးရင် မြို့ရဲ့ပြရုပ်ကလည်း တိုးတက်လာမှာဖြစ်သလို ငှားရမ်းခအခွန်တွေလည်း အခုထက် အများကြီးတိုးတက်လာနိုင်တယ်လို့ဆိုပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013