DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၀ ဦး စံချိန်တင်တွေ့ရှိ 
DVB
·
August 26, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၀ ဦး စံချိန်တင်တွေ့ရှိ 
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀ ဦးထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် အတည်ပြုလူနာသစ်တွေနဲ့ ပတ်သက်တဲ့  သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးမယ်လို့လည်း ကြေညာထားပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၁၈ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ ၁၀၇ ခု စုစုပေါင်း ၈၂၅ ခု အား  စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၇၀ ဦး တွေ့ရှိရတာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားကတည်းက  ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာတဲ့အထဲမှာ တကြိမ်တည်းနဲ့ လူနာသစ် အရေအတွက် အများဆုံး စံချိန်တင်တွေ့ရှိမှုဖြစ်ပြီး မနေ့ညကလည်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၃၀ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ် ၂၆ ရက် မနက် ၈ နာရီအထိ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၅၇၄ ဦး၊  သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013