DVB Logo
Home
မြန်မာသတင်း
Maskများ ဈေးတင်ရောင်းသူကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမည်
DVB
·
August 25, 2020
Maskများ ဈေးတင်ရောင်းသူကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမည်
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ Mask နဲ့ Hand Gel တွေကို စျေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူသွားမယ်လို့ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းက ပြောပါတယ်။

“ဌာနကတော့ ဈေးနှုန်းတော့ သတ်မှတ်မပေးဘူး။ ဒါပေမဲ့ စီးပွားကူးသန်းရဲ့ စီးပွားရေးမှုအရ ဝယ်ရင်းဈေးထက် ၂၀ ရာခိုင်နှုန်းပဲ အမြတ်တင်ရောင်းရမယ်လို့ ပါတယ်။ လက်ကျန်ပြတ်သွားလို့ ဈေးနှုန်းတတ်တယ်ဆိုရင် ဥပမာ ရန်ကုန်၊ မန္တလေးက မှာရတယ်။ မှာတဲ့ ပြေစာ အထောက်အထား ယူထားပါ။ တိုင်တဲ့သူကဈေးနှုန်းမြင့်လို့ တိုင်လာလို့ရှိရင် အဲဒီကျတော့ ကျနော်တို့က ဆင်းပြီးစစ်တဲ့အခါမှာ ပြေစာအထောက်အထား မပြနိုင်ရင် အရေးကြီးကုန်စည်အရ အရေးယူခံရမယ်လို့ သူတို့ကို ဝန်ခံ လက်မှတ်ရေးထိုးခိုင်းတယ်။”

ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးဌာနတို့ ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၂၄ ရက်၊ မနက်ပိုင်းက မြို့ပေါ်ရှိ ဆေးဆိုင်ကြီး ၈ ဆိုင်ကို Mask နဲ့ Hand Gel ဈေးနှုန်းမြှင့်တင် ရောင်းချတာ ရှိ၊ မရှိ ရောင်းချနေတဲ့ အခြေအနေကို လိုက်လံစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်မရောင်းချဖို့နဲ့ ရောင်းချပါက ဥပဒေအရ အရေးယူခံရမှာ ဖြစ်​တယ်လို့ ပြောဆိုပြီး ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

စျေးမြှင့်တင်ရောင်းချရင် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်သလို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၆ လမှ ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ၅ သိန်းအထိ ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ကိုမျိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013