DVB Logo
Home
မြန်မာသတင်း
DHLမှတဆင့် ဖိလစ်ပိုင်သို့ မူးယစ်ဆေးဝါးပို့ရန် ကြိုးပမ်းသူများ ရန်ကုန်တွင်ဖမ်းမိ 
DVB
·
August 24, 2020
DHLမှတဆင့် ဖိလစ်ပိုင်သို့ မူးယစ်ဆေးဝါးပို့ရန် ကြိုးပမ်းသူများ ရန်ကုန်တွင်ဖမ်းမိ 
1 / 2
Donate to DVB

မြန်မာပြည်ကနေ ဖိလစ်ပိုင်ကို DHLအမြန်ချောနဲ့ မူးယစ်ဆေး ကျပ်သိန်း ၇၀၀ ဖိုးလောက်ပို့ဖို့ ကြိုးစားတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးနဲ့  မြန်မာ ၃ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်က DHL ရုံးကို ပါဆယ်ပစ္စည်း လာပို့တာမှာ မသင်္ကာဖွယ်ရာ ပါဆယ်ထုပ်တွေ့ရတယ်လို့ သတင်းပေးတာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပါဆယ်ကို စစ်ဆေးရာမှာတေ့ ကလေးစီးတဲ့ ကားနဲ့ ကားရဲ့ဘီးတွေထဲမှာ အိုက်စ် (မက်အက်ဖက်တမင်း) ၀ ဒသမ ၉၅၇ ကီလို (ငွေကျပ် ၇၆၅.၅ သိန်းတန်ဖိုး) သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။

ပါဆယ်ထုပ်လာရောက်ပို့ဆောင်သူ  တွေကတော့ မမြင့်မြင့်ငြိမ်း(ခ)မိုးမိုး၊ ဒေါ်မြင့်မြင့်ငြိမ်းနဲ့ သိန်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr. OBUMKAEMERE KELECHI THANKGOD ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေနှင်းဆီအိမ်ရာ၊ အမှတ်(၆၁)ရပ်ကွက်၊ တိုက်(B-3)၊ အခန်း(၁၅၀၇)တွင် ဖမ်းဆီးရမိခဲ့ပါတယ်။

သူ့ကို စစ်ဆေးရာမှာတော့ ၂၀၁၉ နိုဝင်ဘာ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကနေ နိုင်ဂျီးရီးယားနိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့တဲ့ Mr. Agu Chukwunonso Peter ကနေ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ ဇနီးဖြစ်သူဆီကို ပေးပို့ခိုင်းတာလို့ ဆိုတာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။

Mr. OBUMKAEMERE KELECHI THANKGOD ငှားရမ်းနေထိုင်တဲ့အိမ်မှာ နောက်ထပ် နိုင်ဂျီးရီယားနိုင်ငံသား ၃ ယောက်ကိုလည်းတွေ့ရပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာကို တွေ့ရလို့ သူတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်အရေးယူ မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013