DVB Logo
Home
မြန်မာသတင်း
အကြမ်းစား ရှားပါးအသံပိုင်ရှင် The Voice Myanmar ပြိုင်ပွဲဝင်မိန်းကလေး နော်ပြည့်စုံအေးကြူ(ရုပ်သံ)
DVB
·
August 24, 2020
အကြမ်းစား ရှားပါးအသံပိုင်ရှင် The Voice Myanmar ပြိုင်ပွဲဝင်မိန်းကလေး နော်ပြည့်စုံအေးကြူ(ရုပ်သံ)
Donate to DVB

       အခုနှစ်ရဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်မှာ အ ကြမ်းစားမက်တယ်လ်သီချင်းတပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တယောက် ပေါ် လာခဲ့ပြန်ပါတယ်။

       သူကတော့ နာမည်ကြီး အမေရိကန်ဟဲဗီးမက်တယ်လ်တေးဂီတအဖွဲ့ Slipknot ရဲ့ Psychosocial သီချင်းနဲ့ အစွမ်းပြခဲ့သူ ပြိုင်ပွဲဝင် မိန်းကလေး နော်ပြည့်စုံအေးကြူ ဖြစ်ပါတယ်။

       မိန်းကလေးတယောက်အနေနဲ့ ဒီသီချင်းမျိုးကို ရွေးချယ်ပြိုင်ပွဲဝင်ဖို့ တော်တော့်ကို စဉ်းစားရမှာဖြစ်ပေမယ့် နော်ပြည့်စုံအေးကြူကတော့ ယုံကြည်မှုရှိရှိ အကောင်းဆုံး ရသ ပုံစံတမျိုးနဲ့ ပေါက်ကွဲရော့ခ်ဂီတကို ဖွင့်ပြလိုက်သလို Coach တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

       သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach တွေထဲက R. ဇာနည်၊ ကျားပေါက်နဲ့ နီနီခင် ဇော်တို့က နောက်လှည့်ကြည့်ခဲ့ကြပြီး ချီးကျူးခဲ့ကြကာ နောက်ထပ်သီချင်းတပုဒ်တောင်း ဆိုချိန်မှာတော့ နော်ပြည့်စုံအေးကြူက နာမည်ကြီး အော်လ်တာနေးတစ်ဗ်ရော့ခ်သီချင်း တပုဒ်ဖြစ်တဲ့ Zombie သီချင်းနဲ့ ထပ်မံအစွမ်းပြခဲ့တာပါ။

       နောက်ပိုင်း ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ လှည်ကြည့်သူ Coach တွေထဲက တယောက် ကို ရွေးချယ်စေချိန်မှာတော့ နော်ပြည့်စုံအေးကြူက R. ဇာနည်ကို ရွေးချယ်ခဲ့တာမို့ Team R. ဇာနည်အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

    The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

       အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန် ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

  ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

    မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန် ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နို ဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက Janus၊ နော်ပြည့် စုံအေးကြူ၊ ဖြုန်းတီး၊ နေခြည်မိုးဦး၊ ရွှေမှုန်၊ Annie၊ ပန်၊ Change စတဲ့ ပြိုင်ပွဲဝင် ၈ ယောက်ကတော့ သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌ တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013