DVB Logo
Home
မြန်မာသတင်း
သရက်မြို့တွင် ကိုဗစ်-၁၉ ​ရောဂါမပြန့်ပွား​ရေး ပညာ​ပေး​ဆောင်ရွက်
DVB
·
August 22, 2020
သရက်မြို့တွင် ကိုဗစ်-၁၉ ​ရောဂါမပြန့်ပွား​ရေး ပညာ​ပေး​ဆောင်ရွက်
1 / 2
Donate to DVB

မ​ကွေးတိုင်း​၊ သရက်မြို့ မြို့မစည်ပင်သာယာ​ဈေးကြီးနားမှာ ဩဂုတ် ၂၂ ရက်​နေ့ မနက် ၉ နာရီက ကိုဗစ်-၁၉ ​ရောဂါမပြန့်ပွား​ရေးအတွက် မြို့နယ်​ထွေအုပ်ဦးစီးအဖွဲ့က လမ်းသွားလမ်းလာတွေကို Mask တပ်ဆင်သွားလာဖို့ သတိ​ပေးကာ ပညာ​ပေး ​ဆောင်ရွက်နေပါတယ်။

Mask မတပ်ဆင်ထားသူတွေကို အပြစ်​ပေးတဲ့အ​နေနဲ့ Mask တck ၁၀၀၀ ကျပ်နဲ့ ရောင်းချ​ပေးခဲ့ပါတယ်‌။



သရက်မြို့နယ်၊ ကွမ်းအုံ​ကျေးရွာက လူနာအမှတ် ၂၄၂ က​တော့ ကျန်းမာ​ရေး ​ကောင်းမွန်​နေ​တယ်လို့ သိရပါတယ်။

မြို့အဝင်အထွက်၊​ အများပြည်သူ သွားလာ​နေတဲ့ စား​သောက်ဆိုင်တွေ၊ ဈေးတွေမှာလည်း ကျန်းမာ​ရေးဌာန လမ်းညွှန်ချက်နဲ့အညီ ​ဆောင်ရွက်ထားရှိမှုတွေကို စစ်​ဆေး ပညာ​ပေးနေပါတယ်။

တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်မိုး​အောင်ကိုယ်တိုင် ​ယာယီ​ဈေးအတွင်း​ ဈေးသည်တွေ Mask တပ်ဆင်ပြီး ဈေး​ရောင်းချဖို့ လိုက်လံ​ပြောကြားနေတာပါ။

အခုအခါ စစ်​တွေမြို့မှာ ပိုး​တွေ့လူနာတွေ နေ့စဉ်​တွေ့ရှိမှု များပြားလာလို့ ပြည်သူတွေ ​နေထိုင်မှု မပေါ့လျော့ကြဖို့ ​ဆောင်ရွက်​နေတယ်လို့ ပညာ​ပေးအဖွဲ့က သိရပါတယ်။

သတင်း - ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013