DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် ဂါလန် ၁၆၀၀၀ ဆန့် သောက်သုံးရေစင် GRET Myanmar အဖွဲ့က လှူဒါန်း
DVB
·
August 20, 2020
မကွေးမြို့တွင် ဂါလန် ၁၆၀၀၀ ဆန့် သောက်သုံးရေစင် GRET Myanmar အဖွဲ့က လှူဒါန်း
1 / 4
Donate to DVB

မကွေးမြို့မှာ INGO အဖွဲ့တစ်ခုဖြစ်တဲ့ GRET Myanmar အဖွဲ့ကနေ ကျပ်သိန်း ၁၅၀၀ ခန့်အကုန်ကျခံကာ ဂါလန် ၁၆၀၀၀ ဆန့် သောက်သုံးရေစင်တခု တည်ဆောက်လှူဒါန်းပေးတယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့က သိရပါတယ်။

မကွေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက "GRET မြန်မာအဖွဲ့ကနေ မကွေးမြို့မှာ ရေဂါလန် ၁၆၀၀၀ ဆန့်  သောက်သုံးရေဖြန့်ပေးနိုင်တဲ့ ရေစင်အမြင့်လှူဒါန်းပေးတဲ့ အပြင် စွန့်ပစ်အမှိုက်ကနေ မြေသြဇာထုတ်လုပ်မယ့် စက်ရုံတခုလည်း တည်ဆောက်ပေးနေတယ်။” လို့ ပြောပါတယ်။

မကွေးမြို့မှာ ယခင်က သောက်သုံးရေကို ၂ ရက်ခြား ၃ ရက်ခြားဖြန့်ဖြူးပေးရာကနေ အဲဒီရေစင်ကြီး တည်ဆောင်ပေးလိုက်တဲ့အတွက် ၂၄ နာရီ ဖြန့်ဝေနိုင်မယ့်အပြင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးမယ်လို့ ဆိုပါတယ်။

မကွေးမြို့မှာ သောက်သုံးရေ ဖြန့်ဖြူးရေး ဇုန် ၆ ခုလောက်ရှိနေပြီး အခုရေစင်ကို ဇုန် ၄ ထဲမှာ စံပြဇုန်အဖြစ် တည်ဆောက်ပေးထားကာ နဂိုဖြန့်ဖြူးပေးတဲ့ အရေအတွက်ထက် အိမ်ခြေ ၁၀၀၀ လောက် ပိုမိုဖြန့်ဖြူးပေးနိုင်မယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013