Homeမြန်မာသတင်း
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံ၊ ပန်ဒါနီလေးတွေကို ယာယီမွေးစားနိုင်မည်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံ၊ ပန်ဒါနီလေးတွေကို ယာယီမွေးစားနိုင်မည်
DVB
·
August 19, 2020

တိရစ္ဆာန်ချစ်သူတွေအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က တိရစ္ဆာန်လေးတွေကို ယာယီမွေးစား နိုင်မယ့် “Animals Adoption” အစီအစဉ်ကို မိတ်ဆက်ထားပါတယ်။
ဒီအစီအစဉ်မှာတော့ လတ်တလော မွေးစားနိုင်မယ့် တိရစ္ဆာန်တွေအနေနဲ့ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံ၊ ပန်ဒါနီလေးတို့ဖြစ်တယ်လို့ ဖော်ပြထားပြီး မွေးစားခွင့်သက်တမ်းကို ၃ လ၊ ဒါမှမဟုတ် ၆ လထိ ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။
မွေးစားသူတွေအနေနဲ့ ကိုယ်မွေးစားထားတဲ့ တိရစ္ဆာန်လေးတွေနဲ့ အကြိမ် ၃၀ သွားရောက်တွေ့ဆုံခွင့်ရမှာဖြစ်ကာ သူတို့အတွက် အစာအာဟာရကျွေးမွေးထောက်ပံ့တာ တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တာတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ တိရစ္ဆာန်ချစ်သူတွေအနေနဲ့ အသေးစိတ်အချက်အ လက်တွေကိုတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖုန်းနံပါတ် - ၀၉ ၆၈ ၂၀ ၁၁ ၁၇၀ ကို ဆက် သွယ်ပြီးတော့ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။