DVB Logo
Home
မြန်မာသတင်း
We Love Yangon အဖွဲ့နှင့်အတူသွားရောက်လှူဒါန်းခဲ့သည့် ပိုင်ဖြိုးသု 
DVB
·
August 19, 2020
We Love Yangon အဖွဲ့နှင့်အတူသွားရောက်လှူဒါန်းခဲ့သည့် ပိုင်ဖြိုးသု 
1 / 6
Donate to DVB

       ပရိသတ် အချစ်တော် သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ပိုင်ဖြိုးသုဟာ ဗဟန်း မြို့နယ်က စားဝတ်နေရေး အခက်အခဲရှိတဲ့ အိမ်ထောင်စုတချို့ကို We Love Yangon ပရ ဟိတအဖွဲ့နဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်။

       လတ်တလောမှာတော့ ကိုဗစ်ကာလ အခက်အခဲတွေကြား လှုပ်ရှားရုန်းကန်နေကြ ရတဲ့ ပြည်သူတွေကို ပရဟိတအဖွဲ့တွေ၊ အနုပညာရှင်တွေက တတပ်တအား ဝိုင်းဝန်း ကူညီမှုတွေ လုပ်ဆောင်နေကြရချိန်လည်း ဖြစ်ပါတယ်။

       ပိုင်ဖြိုးသုက ဒီအလှူအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“လိုအပ်နေတဲ့ အချိန်၊ အမှန်တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းရတာက တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သုသုကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အိမ်ထောင်စုတွေကို နက်စ်လေ မြန် မာရဲ့ ထုတ်ကုန်တွေ လဲလှယ်နိုင်မယ့်ကူပွန်တွေ ကို We Love Yangon အဖွဲ့သားတွေနဲ့ အတူ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်”

ပိုင်ဖြိုးသုကတော့ ရုံပြည့်ရုံလျှံအားပေးမှုတွေ ရရှိခဲ့တဲ့ ‘ထာဝရနှောင်ကြိုး’ရုပ် ရှင်နဲ့ ပရိသတ်တွေ ပါးစပ်ဖျား ချီးကျူးခဲ့ကြရတဲ့ အမျိုးသမီး သရုပ်ဆောင်တဦး ဖြစ်ပါ တယ်။

သုသုလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပိုင်ဖြိုးသုဟာ ဆရာဝန်တဦး လည်းဖြစ်ကာ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားခဲ့သူတဦးဖြစ်ပါ တယ်။

အသက် ၂၉ နှစ်အရွယ် ပိုင်ဖြိုးသုဟာ ရုပ်ရှင်ကားကြီးအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ်ဆောင်မင်းသမီး ၅ လက်ပါဝင်ထားကြပြီး ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘အေဒင် ရဲ့ နတ်သမီး’နဲ့ စတင်ပွဲထွက်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အနုပညာအစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘နေဝင်အိပ်တန်းတက်’၊ ‘သရဲမ၊ ဘီလူးမနှင့် မိန်းမပျို’ ရုပ်ရှင်ကားတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနှစ်အတွက် ‘နေဝင်အိပ်တန်းတက်’ရုပ်ရှင်ကားနဲ့ အကယ်ဒမီတစ်ပြေးနေခဲ့ ပေမယ့် ‘သရဲမ၊ ဘီလူးမနှင့် မိန်းမပျို’ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကတော့ ပိုင်ဖြိုးသုအတွက် ထူးခြားတဲ့ နှစ်တနှစ်လည်း ဖြစ်နေခဲ့ပြီး အနုပညာအရည်အသွေးတွေ ပိုမိုတောက်ပလာခဲ့တဲ့ နှစ်တနှစ်လို့ ပြောရမှာပါပဲ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးက ရိုက်ကူးခဲ့တဲ့ ‘မီ’ရုပ်ရှင်ကား ထဲမှာတော့  သူ့ရဲ့ ပြောင်မြောက်တဲ့ အနုပညာစွမ်းကို ပိုထင်ရှားလာအောင် သရုပ်ဆောင် ပြသနိုင်ခဲ့ပြီး ပရိသတ်အချစ်တော် မင်းသမီးတလက်အနေနဲ့ လျှောက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013