DVB Logo
Home
Lead Story
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Eternal Gosh အဖွဲ့သီချင်းသစ်-“ခြေထောက်”
DVB
·
August 17, 2020
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Eternal Gosh အဖွဲ့သီချင်းသစ်-“ခြေထောက်”
Donate to DVB

       “ဒဏ်ရာတွေကို မြင်သာအောင် မကြေငြာတော့ဘူး… တိတ်တိတ်လေးပဲ သိမ်း ထားလိုက်မယ်… ငိုသံတွေဟာ တိမ်လိုလေလို မပျံနိုင်တော့လဲ… မင်းလေးမသိတဲ့ ငါ့ရဲ့ မျက်ရည်… ကိုယ်ခံစားရတာ ကိုယ်ကိုတိုင်ပဲ သိတယ်… ဘယ်သူ ကိုယ်ချင်းစာပေးမှာလဲ ငါ့နေရာထဲ”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ Eternal Gosh အဖွဲ့ရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။

       “ခြေထောက်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Eternal Gosh အဖွဲ့ရဲ့ ပင် တိုင်အဆိုတော် ဟန်နေတာက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး UP Production ကနေ တင် ဆက်လိုက်တာ ဖြစ်ပါတယ်။

       “အားငယ်တဲ့ အချိန်လေးပဲရှိရင် ငါကျေနပ်တယ်… မင်းကို မစွန့်လွှတ်နိုင်သေး လို့.... မင်းလောက် ဘယ်သူ့မှ မချစ်ခဲ့ပါဘူး… မင်းလောက် ဘယ်သူ့မှ မလွမ်းခဲ့ပါဘူး… သတိရခြင်းရယ် စိတ်နာခြင်းရယ် ရောထွေးနေတယ်… ငါ့ဖက်ကသာ လွမ်းနေရတာပါပဲ … သတိရတဲ့ အကြောင်းတောင် မပြောခဲ့သူရယ်… တဖြေးဖြေးတွေးရင် စိတ်နာတယ်… ဆယ်ခါတခါ ပြန်မလာရင် မေ့နိုင်အောင်… ကြိုးစားပါမယ်”

       မိုးမခအိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်တွေကြား နေရာယူနိုင်ခဲ့တဲ့ အဆိုတော် ဟန်နေတာပါဝင်တဲ့ Eternal Gosh အဖွဲ့ဟာ ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုဖျော် ဖြေတတ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ “လက်ခုပ်”၊ “ငါအံ့သြ”၊ “နောင်တ”၊ “လူငယ်သက် တန့်”စတဲ့ သီချင်းတွေအပါအဝင် “ငွေစက္ကူ ၇ ရွက်” ရုပ်သံစီးရီးစ်ဇာတ်ဝင်တေးတွေဟာ ပရိသတ် အားပေးလက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပါတယ်။

ခုအသစ်ထွက်ရှိလာတဲ့ “ခြေထောက်”သီချင်းထဲမှာလည်း ထိမိတဲ့ စာသားတွေနဲ့ အတူ အားမာန်ပါပါ သီဆိုဖျော်ဖြေလေ့ရှိတဲ့ Eternal Gosh အဖွဲ့ရဲ့ ထုံးစံအတိုင်း ဆွဲ ဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

       ဒီသီချင်းကိုတော့ Eternal Gosh အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ ယူကျုဘ်စာမျက်နှာ၊ Apple Music နဲ့ Joox တို့ကနေလည်း နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

       “ကိုယ်ခံစားရတာ ကိုယ်ကိုတိုင်ဘဲ သိတယ်… ဘယ်သူ ကိုယ်ချင်းစာပေးမှာလဲ ငါ့ နေရာထဲ... အားငယ်တဲ့ အချိန်လေးဘဲ ရှိရင် ငါကျေနပ်တယ်… မင်းကို မစွန့်လွှတ် နိုင်သေးလို့... မင်းလောက် ဘယ်သူ့မှ မချစ်ခဲ့ပါဘူး… မင်းလောက် ဘယ်သူ့မှ မလွမ်းခဲ့ ပါဘူး… သတိရခြင်းရယ် စိတ်နာခြင်းရယ် ရောထွေးနေတယ်… ငါ့ဖက်ကသာ လွမ်းနေရ တာပါပဲ… သတိရတဲ့ အကြောင်းတောင် မပြောခဲ့သူရယ်… တဖြေးဖြေးတွေးရင် စိတ်နာ တယ်… ဆယ်ခါတစ်ခါ ပြန်မလာရင် မေ့နိုင်အောင် ကြိုးစားပါမယ်... ဆယ်ခါတစ်ခါ ပြန် မလာရင် မေ့နိုင်အောင် ကြိုးစားပါမယ်... ဆယ်ခါတစ်ခါ ပြန်မလာရင် မေ့နိုင်အောင် ကြိုး စားပါမယ်”

ရုပ်သံ ကြည့်ရှုရန် - https://www.facebook.com/eternalgoshfamily/videos/328555605183339/?v=328555605183339

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013