DVB Logo
Home
မြန်မာသတင်း
ပရိသတ်အချစ်တော် Eternal Gosh အဖွဲ့၏သီချင်းသစ်-လူငယ်သက်တန့်(ရုပ်သံ)
DVB
·
February 7, 2020
Donate to DVB

“ကလေးလေးတယောက်ရဲ့ အိပ်မက်… လူလတ်ပိုင်းအထိ စွဲလန်းခဲ့… မိဘအရိပ် ကနေထွက်… ယုံကြည်သော လမ်းမများထက်… တောင်တွေကျော်ဖြတ်ခဲ့ဖူးတယ်… ပင် လယ်ကျော်ဖြတ်ခဲ့ဖူးတယ်”

ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ ပရိသတ်အချစ်တော် Eternal Gosh အဖွဲ့ရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ် နာမည်ကြီးနေတာပါ။

“လမ်းပျောက်ခဲ့တဲ့ နေ့စွဲ… လဲကျခဲ့ နှစ်လရက်… စိတ်ဓာတ်မကျပဲ ငါတို့ ကြိုးစား ပြီး ရှေ့ဆက်… ရည်ရွယ်ခဲ့သော ဘဝပန်းတိုင်… ဘယ်လိုအခက်အခဲတွေ တွေ့ပါစေ”

မိုးမခအိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်တွေကြား နေရာယူနိုင်ခဲ့တဲ့ အဆိုတော် ဟန်နေတာပါဝင်တဲ့ Eternal Gosh အဖွဲ့ဟာ ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုဖျော် ဖြေတတ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ လက်ခုပ်၊ ငါအံ့သြစတဲ့ သီချင်းတွေဟာ ပရိသတ် အားပေးလက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပါတယ်။

ခုအသစ်ထွက်ရှိလာတဲ့ လူငယ်သက်တန့်သီချင်းကိုတော့ ထိမိတဲ့ စာသားတွေနဲ့ အတူ အားမာန်ပါပါ သီဆိုဖျော်ဖြေလေ့ရှိတဲ့ Eternal Gosh အဖွဲ့ရဲ့ အဆိုရှင် ဟန်နေတာကလည်း သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မျှဝေထားတာဖြစ်ပါတယ်။

“ရင်ဆိုင်ခဲ့ လူငယ်အိပ်မက်တွေ ပေါင်းစပ်ခြင်းဟာ ရည်ရွယ်ချက်… ဒီကမ္ဘာမြေ ကြီးရဲ့ ဆွဲအားနဲ့… မိုးကောင်းကင်ကြီးထဲ ဘောလုံးလေးများလို… ငါ့မျှော်လင့်ချက်တွေ လွှတ်တင်ဖူး… မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ… မိုးစက်များလို ပြုတ်ကျလာခဲ့ပြီအခု… နေ ရောင်ခြည်ထဲကနေ ယုံကြည်မှု… ဒါမင်းရှေ့က သက်တန့်တခု”

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013