DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ ကမ်းခြေ၊ အပန်းဖြေစခန်းနှင့် ရေတံခွန်များ ဆက်ပိတ်ထားမည်
DVB
·
August 16, 2020
မွန်ပြည်နယ်ရှိ ကမ်းခြေ၊ အပန်းဖြေစခန်းနှင့် ရေတံခွန်များ ဆက်ပိတ်ထားမည်
Donate to DVB

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို သြဂုတ် ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၁၅  ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်မှာတော့ လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ရပ်ဆိုင်းထားဖို့ အပါအဝင် ပြည်သူတွေ သိရှိလိုက်နာ ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ ညွှန်ကြားချက် ၇ ချက်ကိုလည်း သက်တမ်းထပ်တိုးထားတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းရှိ ပန်းခြံ၊ ကမ်းခြေ၊ ရေတံခွန်တွေ၊ အပန်းဖြေစခန်းတွေ၊ ရုပ်ရှင်ရုံနဲ့ KTV ဆိုင်အားလုံးကို အရင်တိုင်း ဆက်လက်ပိတ်ထားရဦးမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တိုင်း Mask မဖြစ်မနေ တပ်ဆင်ဖို့လည်း ပါဝင်ပါတယ်။ 

ဖြေလျှော့မှုတွေအနေနဲ့ လူ ၁၅ ဦးထက် ပိုမစုဝေးရ အမိန့်အစား လူ ၃၀ အထိ စုဝေးနိုင်တယ်လို့ ဆိုထားပါတယ်။ 

သတင်း- ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013