DVB Logo
Home
မြန်မာသတင်း
ကာချုပ်နှင့်တွေ့ဆုံမှု ပါတီသဘောထားမပါဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ရှင်းလင်း
DVB
·
August 15, 2020
ကာချုပ်နှင့်တွေ့ဆုံမှု ပါတီသဘောထားမပါဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ရှင်းလင်း
Donate to DVB

ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီတို့ရဲ့တွေ့ဆုံပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဖိုးရယ်ပါဝင်တက်ရောက်ခဲ့တာဟာ သူ့ရဲ့သဘောဆန္ဒအလျောက် အလွတ်သဘောသွားရောက်တွေ့ဆုံခဲ့တာသာဖြစ်ပြီး ပါတီရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဖို့ကိစ္စနဲ့ ပတ်သက်လို့ ပါတီအတွင်းမှာ  ဆုံးဖြတ်ချက်ချမှတ်တာ၊ သဘောထားမှတ်ချက်ပေးတာနဲ့ တိုင်ပင်ဆွေးနွေးသဘောတူညီတာတွေ တစုံတရာမရှိခဲ့ဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောဆိုပါတယ်။  

“အဲဒါနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ ပါတီတွင်းမှာ တစုံတရာ သဘောတူညီချက်ယူပြီးတော့မှ အဲဒီပွဲကိုတက်မယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ဥက္ကဋ္ဌကနေပြီးတော့မှ နေပြည်တော်ကို ရောက်နေတုန်းမှာ သူ့ကို ဖုန်းနဲ့လှမ်းဖိတ်တဲ့အခါကျတော့ သွားတက်လိုက်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ကျနော်တို့ပါတီကနေပြီ မနေ့က တက်ရောက်တဲ့ အဖွဲ့အစည်းပါတီအားလုံးတွေနဲ့ တစုံတရာသဘောတူချက်တွေလုပ်တာတွေ လုံးဝမရှိဘူးဆိုတာ ကျနော်တို့ရှင်းလင်း ပြောကြားချင်တယ်။ နောက်မနေ့က ဥက္ကဋ္ဌ သွားတဲ့အပေါ်မှာလည်း သူတို့ဆွေးနွေးမှုတစုံတရာ၊ သဘောတူညီချက်တစုံတရာ ချမှတ်တာတွေလည်းဘာမှမရှိဘူး။ သွားတဲ့ကိစ္စကလည်း ကျနော်တို့ပါတီရဲ့ ဆုံးဖြတ်ချက်မဟုတ်တဲ့အခါကျတာ့ သူသွားတဲ့ကိစ္စက သူ့ကိစ္စပဲဖြစ်တာပေါ့နော်။ တခုခုဖြစ်လာလို့ရှိရင် ဥက္ကဋ္ဌနဲ့ပဲ ဆိုင်တာပေါ့နော်”

ဒါ့အပြင် မနေ့က အတူသွားရောက်တွေ့ဆုံတဲ့ ၃၄ ပါတီနဲ့တစုံတရာ မဟာမိတ်လုပ်တာတွေမရှိသလို ပြည်မအခြေစိုက်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ မထားဘဲ ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီနဲ့သာ မဟာမိတ်လုပ်ဆောင်ထားတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

“မနေ့က တွေ့ဆုံခဲ့တဲ့ပါတီအားလုံးတွေနဲ့ နောက်ကွယ်မှာ တစုံတရာသဘောတူညီမှုရှိတယ်၊ မရှိဘူးဆိုတဲ့ ဒီအထဲမှာဖြစ်ကြတာပေါ့နော်။ အဲဒီအပေါ်မှာလည်းကျနော်တို့ တာဝန်ခံပါတယ်။ တကယ်လို့ရှိခဲ့တာတောင်မှ ကျနော်တို့ပါတီကလည်း ကန့်ကွက်မှာဖြစ်ပါတယ်။ ”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့   နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေ နေပြည်တော်မှာ  သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013