DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုယ်စားလှယ်လောင်း ၅၄၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
August 15, 2020
ဧရာဝတီတိုင်းတွင် ကိုယ်စားလှယ်လောင်း ၅၄၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ  ၂၀၂၀  အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၄၄ ဦး စာရင်းတင်သွင်းထားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ၅၂ နေရာ စုစုပေါင်း ၉၀ နေရာအတွက် ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမှာလို့  တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံး ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

“ပြည်သူ့လွှတ်တော်က ၁၅၃ ဦး၊ အမျိုးသားလွှတ်တော်က ၅၆ ဦး၊ တိုင်းဒေသကြီး လွှတ်တော်က ၃၃၅ ဦးပေါ့။ အားလုံးပေါင်းရင် ၅၄၄ ဦးပေါ့။ ကျနော်တို့ ဧရာဝတီတိုင်းအတွင်းမှာ အဲဒီလောက် လာလျှောက်ကြတယ်။”

ကိုယ်စားလှယ်လောင်းတွေကို သြဂုတ် ၁၁ ရက်က စတင်စိစစ်နေပြီး တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အဖြစ် ကရင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် ကိုယ်စားလှယ် ၆ ဦးနဲ့ ရခိုင်တိုင်းရင်းသားဝန်ကြီး နေရာအတွက် ကိုယ်စားလှယ် ၅ ဦးလည်း လာရောက် လျှောက်ထားတာ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း ကိုယ်စားလှယ်ပေါင်း ၅၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013