Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင်ကျောင်းသူကို ဂုဏ်ပြု 
DVB
·
August 12, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  ဘာသာစုံဂုဏ်ထူးထွက်ပြီး အောင်မြင်ခဲ့တဲ့ ၆ ဘာသာဂုဏ်ထူးရှင် မမျိုးခိုင်ဇင်သော်ကို နန်းခါရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ဂုဏ်ပြုပွဲပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့အတွက်  ကျူရှင်မတက်ခဲ့ဘဲ  တနေ့စာ တနေ့  ပုံမှန်လုပ်ပြီး ဖြေဆိုခဲ့တာဖြစ်တယ်လို့ ၆ ဘာသာဂုဏ်ထူးရှင် မမျိုးခိုင်ဇင်သော်က ပြောပါတယ်။ “ကျမ ကျူရှင်မတက်ပါဘူး။ ကျောင်းကပြန်ရင်အိမ်မှာ ဂိုက်ဆရာမတယောက်နဲ့ သင်ယူပါတယ်။ နောက်နှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် မောင်လေးညီမလေးတွေကို ပြောချင်တာက တနေ့သင်ခန်းစာကို တနေ့ကျေအောင်ပုံမှန် လုပ်ဖို့ပါ။ ကျန်တာ ဦးနှောက်ထဲမထည့်ဖို့ ဒါဆို အောင်မြင်နိုင်မယ်။” ဆရာဝန်ကြီးဖြစ်အောင် ဆက်လက် ကြိုးစားသွားပြီး နိုင်ငံတာဝန်ထမ်းဆောင်သွားမယ်လို့လည်း ပြောပါတယ်။ သူ့ရဲ့ မိဘတွေကလည်း အိမ်မှာ တီဗီမကြည့်တော့ပဲ ကလေးပညာရေးကျန်းမာရေးအတွက်ပဲ ဦးစားပေးပံ့ပိုးခဲ့ပါတယ်လို့ ပြောပါတယ်။ မမျိုးခိုင်ဇင်သော်ဟာ ကျောင်းစနေကတည်းက နှစ်စဉ် အဆင့်တစ် ရှိခဲ့သူဖြစ်ပြီး စတုထ္ထတန်းမှာ စကောလားရှစ် ပညာသင်ဆုကို နိုင်ငံတော်မှ ပေးအပ်ခဲ့ပါတယ်။ မိုးညှင်းမြို့မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင် ကျောင်းသူ မမျိုးခိုင်ဇင်သော် တဦးတည်းသာ ပေါ်ထွက်လာတာဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၅၂၀ မှတ် ရရှိခဲ့ပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024