DVB Logo
Home
Lead Story
Cobra နှင့် ဖြူဖြူကျော်သိန်း စုံတွဲသီဆိုထားသည့် “သဝန်တိုတာအရမ်းချစ်လို့”သီချင်း (ရုပ်သံ)
DVB
·
August 12, 2020
Cobra နှင့် ဖြူဖြူကျော်သိန်း စုံတွဲသီဆိုထားသည့် “သဝန်တိုတာအရမ်းချစ်လို့”သီချင်း (ရုပ်သံ)
Donate to DVB

       တေးသံရှင် Cobra နဲ့ ဖြူဖြူကျော်သိန်းတို့ စုံတွဲသီဆိုထားခဲ့ကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “သဝန်တိုတာအရမ်းချစ်လို့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Cobra က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး The Ugly တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “သိပ်ချစ်လွန်းတဲ့ ချစ်သူများကြားမှာ… ဂရုစိုက်လွန်းလို့ ဖြစ်လာတဲ့ ပြဿနာ… သဝန်တိုတာဟာ ငါအရမ်းချစ်လို့… သဘောထားမကြီးတဲ့ ချစ်သူတယောက်အဖြစ် ငါ… နင်… နင်မထားခဲ့နဲ့… ရေ့… နင်… မင်း မထားခဲ့နဲ့”

       အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက်လည်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေ ကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။

သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်းကြေ၊ ငါဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

“ဆွေးမြေ့အသည်း” သီချင်းနဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ တေးသံရှင် Cobra ကတော့ တေးရေးတယောက်အနေနဲ့ပါ ပရိသတ်တွေက သိထားကြပြီး နောက်ပိုင်းမှာတော့ သီချင်းတွေ သိပ်ထွက်ရှိလာတာမျိူးမရှိပဲ အနုပညာလောကနဲ့ အဆက်ပြတ်နေခဲ့တာပါ။

ခုတခါမှာတော့ “သဝန်တိုတာ အရမ်းချစ်လို့”သီချင်းကို ဖြူဖြူကျော်သိန်းနဲ့ တွဲ ဖက်သီဆိုပြီး ပရိသတ်တွေကို ဘယ်လိုဖမ်းစားနိုင်ဦးမလဲဆိုတာကိုတော့ ဒီရုပ်သံထဲမှာ ရှု စားကြရမှာ ဖြစ်ပါတယ်။

“ချစ်တဲ့စိတ်ကြောင့် မှားတဲ့အပြစ်တခုဟာ… ဝေးသွားလောက်အောင် မထိုက်တန်ဘူး အချစ်ရာ… အလံဖြူထောင်ကာ ငါအရှုံးပေးလိုက်လို့… ဟိုး… မင်းဘက်က လည်း စိတ်ကျေအေးလိုက်ပါ… နင်… နင်မထားခဲ့နဲ့… ရေ့… နင်… မင်း မထားခဲ့နဲ့… အ ချိန်တွေမလွန်ခင် ပြင်ဆင်ပါ… ဒီလိုအချိန်မှာ အရာရာဟာ… မှုန်ဝါးဝါး အဖြစ်မျိုး… ငါ လေတကယ်ကို မကြုံချင်ပါ… ဒီလိုအချိန်မှာ အရာရာဟာ… မှုန်ဝါးဝါး အဖြစ်ဆိုး…”

ဒီသီချင်းရုပ်သံကိုတော့ ဇာတ်လမ်းစတိုရီနောက်ခံနဲ့ ဒါရိုက်တာ စေတသိက်က ရိုက်ကူးပုံ ဖော်ထားခဲ့ပြီး Cobra၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ သရုပ်ဆောင် ကျော်ထက်အောင်က ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013